၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်း) ဒေသများ၌ နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး လာမည့် နှစ်ရက်အတွင်းတွင်လည်း ဆက်လက်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ထို့အပြင် မိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သစ်ပင်ကြီးများ၊ ဓာတ်အားလိုင်းများနှင့် ကွင်းပြင်များကို ရှောင်ရှားပြီး ကြိုတင်သတိပြု နေထိုင်ကြရန် တိုက်တွန်းထားပါသည်။
ယခုဖတ်ရန်တအာင်းပြည်၊ မန်တုံခရိုင်၊ နမ္မတူနှင့် မန်တုံမြို့နယ်တို့တွင် တအာင်းကျန်းမာရေးအဖွဲ့အစည်း (Ta'ang Health Organization - THO) နှင့် တအာင်းပြည် ကျန်းမာရေးကောင်စီ (Ta'ang Land Health Council - THC) တို့ ပူးပေါင်း၍ အသက် (၅) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့တွင် တအာင်းကျန်းမာရေးအဖွဲ့အစည်း (Ta'ang Health Organization - THO) နှင့် တအာင်းပြည် ကျန်းမာရေးကောင်စီ (Ta'ang Land Health Council - THC) တို့ ပူးပေါင်း၍ အသက် (၁၀)နှစ်အောက် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါသည်။
လူကြည့်အများဆုံး သတင်းများ