1894

မန်တုံမြို့တွင် PSLF/TNLA ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများမှ ပူးပေါင်း၍ ရေချောင်းအတွင်း အမှိုက်များကို သန့်ရှင်းရေးပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
27 May 2026

မန်တုံမြို့တွင် PSLF/TNLA ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများမှ ပူးပေါင်း၍ ရေချောင်းအတွင်း အမှိုက်များကို သန့်ရှင်းရေးပြုလုပ်


မန်တုံ၊ မေလ ၂၇ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ မန်တုံခရိုင်၊ မန်တုံမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများမှ ပူးပေါင်း၍ ရေချောင်းအတွင်းရှိအမှိုက်များကို ယနေ့ မေလ (၂၇)ရက်နေ့၌ သန့်ရှင်းရေးပြုလုပ်ခဲ့သည်။



ထို့ရေချောင်းသည် နှစ်စဉ်မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိသောကြောင့် မန်တုံမြို့ရှိ PSLF/TNLA၏ စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဦးဆောင်၍ ယခုမိုးရာသီတွင် ရေဘေးအန္တရာယ် မဖြစ်ပွားစေရန် ရည်ရွယ်၍ ပြည်သူလူထုနှင့်အတူ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။



၎င်းရေချောင်းအတွင်းရှိ အမှိုက်များ၊ သဲများ၊ ဘေးဘက်တွင်ပေါက်နေသည့် အပင်များနှင့် သစ်ကိုင်းများကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများ စုစုပေါင်းလူဦးရေ (၁၀၀)ဦးကျော် ပူးပေါင်းပါဝင်ပြီး သန့်ရှင်းရေးပြုလုပ်သွားခဲ့ပါသည်။


ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဧပြီလ (၈)ရက်နေ့လည်း ဤရေးချောင်းတွင် ရေကြီးရေလျှံမဖြစ်ပွားစေရန် မန်တုံမြို့ရှိ ဌာနဆိုင်ရာများမှ ဦးဆောင်ပြီး ပြည်သူလူထုများနှင့်အတူ စုပေါင်းပြီး ရေးချောင်းကိုသန့်ရှင်းရေးပြုလုပ်ခဲ့သည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


Facebook Official  - Ta’ang Land News-Burmese Version

https://www.facebook.com/profile.php?id=61587414122969


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မန်တုံမြို့တွင် PSLF/TNLA ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများမှ ပူးပေါင်း၍ ရေချောင်းအတွင်း အမှိုက်များကို သန့်ရှင်းရေးပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်