ကုင်တအာင်း၊ အိူင်ကိုက်ခည်း၊ အိူင်အိုမ်ယ်ုရ်ကာည်း လှံင်အေဲမ်ငူည် ခေဲင်ကျံရ်အာရ်နီး ပဲန်ငံရ်က္လိုႇ(3)လိူဝ်ႈ၊ ထာန်ကဆူမ်းဟာဝ်းရိူန်း ကစုကပိုမ်မိုႈ (800)ဆဲန်လှိူဝ်း။

ပလှံင်အိုမ်ယ်ုရ် ၊ ရဝ်နံမ်လီန်း ကျံရ်အာရ် ဆငည်း(12) အခိင်ခီညှာ(10:30)နြီဒိူန် ဂါင်တာအလူန်း ဆွံရ်အူန်းဘ္လောမ်ႎှုင် တဘက်ထရီ ဂေါႇႎှုင်တာမှည်ဘ္လောမ် ပဲန်ပဒူႈ ဇူႈပဲန်ဟာဝ်းငံရ်က္လိုႇ။ ဂေါႇပဲန်ငံရ်က္လိုႇဘည်ဒီန် ဂြိုခြီုင်ဂေါည်ခေဲင်ဂါင်ဂဲပါ်ဒိုႇဒိုည်ႇ ငံရ်က္လိုႇကဆူမ်းဟာဝ်းဒိုည်ႇ ကစုကပိုမ်ထာန်ကဆူမ်းဟာဝ်းမိုႈ ရိူန်း(600)ဆဲန်လိူဝ်ႈ။

ဒီရ်;ကဇေန်နီး
ဒေသတွင်းသတင်း

ကောင်ဆံရ်ဇီုင်းပိင်ငျာကုင်တအာင်း-TLECဂဲ ဆာ်ႈအွံရ်ရေဲန်ပ္လေါည် လံပ်ပိင်ငျာကာည်း ပ္လေါည်ဒဲႈဆု တကောန်ကျောင်ဂဲ ကနာည်ဆန်ုမ်ပနောဘေဲႇ 2025-2026 ပလှံင်အိုမ်ယ်ုရ်၊ အိူင်အိုမ်ယ်ုရ်၊ ခေဲင်ကုင်တအာင်း။

ဒေသတွင်းသတင်း

ပ္လေါည်ပ္လိုတ်ႎါင်ပနောနီန် ဖုင်ဘေဲႇတအာင်း-TLAဂဲ ဆာ်ႈအွံရ်ဟောည်ႇ‌ရေဲန်ဟာဝ်း ပရဝ်ပါင်လဲင် ခည်မိုႈ ကျံရ်အာရ် ဆငည်း(2)ဒိူန်။ ႎါင်ပနောဒီန် အီဟိုက်မိုႈ စဝ်ဆာင်ခါ(1)ပါး၊ ကောန်အီမာည်း(13)အီး ကာည်း ကောန်အီပ်ုန်(34) ကစုကပိုမ်ဂေါည်(48)အီး ဟိုက်ဒေဲႈပနော။