တအာင်းပြည်၊ မန်တုံမြို့နယ်နှင့် နမ့်ဆန်မြို့နယ်တို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုမျှတရေးနှင့် စိမ်းလန်းစိုပြေသော လူနေမှုပတ်ဝန်းကျင် ဖော်ဆောင်နိုင်ရေးအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ ဌာနဆိုင်ရာများနှင့် ဒေသခံမိဘပြည်သူများ ပူးပေါင်း၍ သစ်ပင်နှင့် ပန်းပင်ပေါင်း (၁၅,၀၀၀) ကျော်ကို စိုက်ပျိုးပြီးစီးခဲ့သည်။
ယခုဖတ်ရန်တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ ရွှေပြည်ညွန့်၊ ကျောက်တော၊ ကုန်းစံ၊ ပန်လန်းနှင့် ကျောက်ကြမ်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၁၈၂)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၅၇)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ ရွှေပြည်ညွန့် ၊ ကျောက်ပြုတ်နှင့် ကုန်းစံကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၁၆၉)လုံး၊ ဒရုန်းဖြင့် ဗုံး (၅၄)လုံးနှင့် လေကြောင်းဖြင့် ဗုံး (၆)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ ကျောက်တော၊ နမ့်ပါတက်၊ ကျောက်ပြုတ်၊ နားမုံနှင့် ရေမောင်းတန်ကျေးရွာကြားတွင်စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၇၂)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၂၇)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့သည်။
လူကြည့်အများဆုံး သတင်းများ