1254

မိုင်းငေါ့၊ မန်တုံနှင့် နမ့်ဆန်မြို့တွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူ (၂)ဦးတို့ကိုဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
11 July 2025

မိုင်းငေါ့၊ မန်တုံနှင့် နမ့်ဆန်မြို့တွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူ (၂)ဦးတို့ကိုဖမ်းဆီးရမိ

တအာင်းပြည်၊ ဇူလိုင်လ ၁၁ရက်

တအာင်းပြည်၊ မိုင်းငေါ့၊ မန်တုံနှင့်နမ့်ဆန်မြို့နယ်တို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁)ဦးနှင့် သုံးစွဲသူအမျိုးသား (၂)ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဇူလိုင်လ (၈)ရက်နေ့ ည(၈း၂၀)နာရီအချိန်တွင် ကိုအိုက်လူသည် ကျောက်မဲမှ ဆိုင်ကယ်ဖြင့် ပန်စရီကျေးရွာသို့ ပြန်လာနေစဉ် မန်ပင့်တံတားစစ်ဆေးရေးဂိတ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှစစ်ဆေးရာ ယာမဆေးပြား (၆၁၅)ပြားကို စစ်ဆေးတွေ့ရှိခဲ့သည်။

ထိုနောက် ဇူလိုင်လ (၅)ရက်နေ့ မန်တုံမြို့နယ်၊ စေကော်ကျေးရွာတွင် နေထိုင်သည့် ဦးအငိုဆိုသူသည် မူးယစ်ဆေးဝါးရောင်းဝယ်သည့်ဟု သတင်းရရှိကာ ၎င်း၏လယ်ကွက်ရှိတဲအတွင်း မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာစိတ်ကြွဆေးပြား (၂)ထုပ်နှင့် (၁၃၀)ပြား၊ ပိုက်ဆံ (၄၅၂,၀၀၀)ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

အလားတူ နမ့်ဆန်မြို့နယ်၊ လီလုတံတားစစ်ဆေးရေးဂိတ်တွင်ကျောက်မဲမှ နမ့်ဆန်သို့ တက်လာသည့်ကားတစ်စီးကို စစ်ဆေးရာတွင် ခါခူး (၃)ထုပ်ကို တွေ့ရှိခဲ့ပါသည်။ ထိုနောက် အသက် (၂၉)နှစ်အရွယ် ဦးအညိမ်းနှင့် အသက် (၂၈)နှစ်အရွယ်ဦးအထက်တို့လည်း မူးယစ်ဆေးဝါးသုံးစွဲကြောင့် ထွက်ဆိုခဲ့ပါသည်။

၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပ‌ဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ (၄)ရက်နေ့လည်း ကွတ်ခိုင်မြို့၊ ရပ်ကွက် (၇)တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းငေါ့၊ မန်တုံနှင့် နမ့်ဆန်မြို့တွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူ (၂)ဦးတို့ကိုဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်