နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွား
နောင်ချို၊ ဇူလိုင်လ ၁၂ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ ရွှေပြည်ညွန့် ၊ ကျောက်ပြုတ်နှင့် ကုန်းစံကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၁၆၉)လုံး၊ ဒရုန်းဖြင့် ဗုံး (၅၄)လုံးနှင့် လေကြောင်းဖြင့် ဗုံး (၆)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့သည်။
ဖြစ်စဥ်တွင် ဇူလိုင်လ (၁၁)ရက်နေ့၌ ရွှေပြည်ညွန့်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ဗုံး (၇၂)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၁၈)လုံးတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
၎င်းအပြင် ကျောက်ပြုတ်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကောင်စီတပ်မှ လက်နက်ကြီး (၂၀)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကုန်းစံကျေးရွာတွင်လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၇၅)လုံး၊ ဒရုန်းဖြင့် ဗုံး(၂၂)လုံးနှင့် လေကြောင်းဖြင့် ဗုံး (၄)လုံး ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။
အလားတူ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်
ကျောက်ကြမ်းကျေးရွာကြားလည်း စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး (၁၄)လုံး၊ လေကြောင်းဖြင့် ဗုံး (၂)လုံးတို့ကို ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ပြီး ဂုတ်ထိပ်တံတားကိုလည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် (၂)လုံး ပစ်ခတ်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁၀)ရက်နေ့လည်း နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ ကျောက်တော၊ နမ့်ပါတက်၊ ကျောက်ပြုတ်၊ နားမုံနှင့် ရေမောင်းတန်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၇၂)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၂၇)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့်စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင် ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ