1258

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
13 July 2025

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရ

ကျောက်မဲ၊ ဇူလိုင်လ ၁၃ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ဖြစ်စဥ်တွင် ယနေ့ နံနက် (၆း၀၀)နာရီကျော်အချိန်၌ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပိန္နဲကုန်းကျေးရွာတွင် ဗုံး (၃)လုံးနှင့် အ.မ.က (၁၃) စာသင်ကျောင်းတွင် ဗုံး (၁)လုံးတို့ကို လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။

ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၆၀)နှစ်အရွယ် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၂)အိမ်နှင့် ဇလပ်ဝါအချိုခြောက်စက်ရုံလည်း ဗုံးစထိမှန်ခဲ့ပြီး  ကား (၃)စီးနှင့် ဆိိုင်ကယ် (၅)စီး ထိမှန်ပျက်စီးသွားခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် (၁၁)ရက်နေ့လည်း ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး သေဆုံးခဲ့ပြီး (၅)ဦးထိခိုက်ဒဏ်ရာရရှိကာနေအိမ် (၄)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့ပါသည်။

စစ်ကောင်စီတပ်သည် ဇွန်လ (၂၉)ရက်နေ့မှ ဇူလိုင်လ (၁၂)ရက်နေ့အထိ လေကြောင်းဖြင့် ကျောက်မဲမြို့တွင် (၅)ကြိမ်၊ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာတွင် (၁)ကြိမ်၊ မိုးကုတ်မြို့တွင် (၁)ကြိမ်နှင့် သီပေါမြို့တွင် (၁)ကြိမ်တို့ စုစုပေါင်း (၇)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူလူထု (၇)ဦး သေဆုံးခဲ့ရပြီး ကလေးငယ် (၂)ဦးနှင့် ပြည်သူလူထု (၃၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅၄)အိမ်၊ စာသင်ကျောင်း(၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၄)ကျောင်းတို့လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့်စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်