တအားပြည်အပါအဝင် ရှမ်းပြည်နယ်တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး မိုးတိမ်တောင်များကြောင့် လေပြင်းနှင့် မိုးကြိုးအန္တရာယ် သတိပြုရန်လို

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်း) ဒေသများ၌ နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး လာမည့် နှစ်ရက်အတွင်းတွင်လည်း ဆက်လက်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ထို့အပြင် မိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သစ်ပင်ကြီးများ၊ ဓာတ်အားလိုင်းများနှင့် ကွင်းပြင်များကို ရှောင်ရှားပြီး ကြိုတင်သတိပြု နေထိုင်ကြရန် တိုက်တွန်းထားပါသည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ နမ့်ခမ်းမြို့နယ်၊ နောင်တိန်ကျေးရွာတွင် အမျိုးသားတစ်ဦး ကြံစိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်ထောင်ထားခဲ့သည့်မိုင်းကို ခုတ်မိရာမှ ပေါက်ကွဲပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ ပညာရေးကို ရည်ရွယ်၍ ဖွင့်လှစ်နေသည့် တအာင်းပညာရေးထီ၏ (၂၀)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုကို နမ့်ဆန်မြို့ မြသပိတ်ရပ်ကွက်တွင်နေထိုင်သည့် ဦးစိန်ပန်းမှ ဆွတ်ခူးရရှိသွားခဲ့သည်။

ဒေသတွင်းသတင်း

၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်တွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ဖုန်းအသုံးပြုနေသည့် ဒေသခံ (၄၀)ကျော်အား မိမိတို့ PSLF/TNLAတပ်သားများမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Shan News(Burma Version)ခေါ် သျှမ်းသံတော်ဆင့်မီဒီယာမှ Online Facebookစာမျက်နှာတွင် ဖော်ပြသည်ကို ဖတ်ရှုရပါသည်။

လူကြည့်အများဆုံး သတင်းများ

22 November 2026