826

တအာင်းပညာရေးထီ၏ (၂၀)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုကို ဦးစိန်ပန်းမှ ဆွတ်ခူး

ဒေသတွင်းသတင်း / ဒေသတွင်း
06 February 2025

တအာင်းပညာရေးထီ၏ (၂၀)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုကို ဦးစိန်ပန်းမှ ဆွတ်ခူး

နမ့်ဆန်၊ ဖေဖော်ဝါရီလ ၆ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ ပညာရေးကို ရည်ရွယ်၍ ဖွင့်လှစ်နေသည့် တအာင်းပညာရေးထီ၏ (၂၀)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုကို နမ့်ဆန်မြို့  မြသပိတ်ရပ်ကွက်တွင်နေထိုင်သည့် ဦးစိန်ပန်းမှ ဆွတ်ခူးရရှိသွားခဲ့သည်။




(၂၀) ကြိမ်မြောက် ထီဖွင့်ပွဲအား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သောနယ်မြေတစ်နေရာတွင် ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်းတွင် တအာင်းပြည်ပညာရေးကောင်စီ - TLECမှ ဦးဆောင် ဖွင့်လှစ်ခဲ့သည်။




သိန်း  (၅၀၀)ဆု၏ ဂဏန်းသည် အက္ခရာ (A-48347) ဖြစ်ကာ သိန်း (၅၀၀)ဆုအပြင် သိန်း(၅၀)ဆု (၁)ဆု၊ သိန်း(၃၀)ဆု (၁)ဆု၊ (၁၀)သိန်းဆု (၂)ဆု၊ (၅)သိန်းဆု (၂)ဆု၊(၂)သိန်းဆု (၂၅)ဆုနှင့် သွပ်(၂)ဆု စုစုပေါင်း (၃၃)ဆု ပေးအပ်ခဲ့သည်။





ပြီးခဲ့သည့် ဇန်နဝါရီလ တအာင်းပညာရေးထီ၏ (၁၉)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုကို မန်တုံမြို့နယ်၊ နားအော်အုပ်စု၊ မန်စပ်ကျေးရွာတွင်နေထိုင်သည့် ဒေါ်မာကျန်မှ အက္ခရာ (B-03182)ဆွတ်ခူးရရှိသွားခဲ့သည်။




ဇန်နဝါရီလတစ်လအတွင်း တအာင်းပညာရေးထီ၏ရောင်းအား  ကျဆင်းနေပါသည်။ တအာင်းပညာရေးထီသည် တအာင်း‌ပြည်မှ စာသင်ကျောင်းများအတွက် ပညာရေးရန်ပုံငွေ ရှာဖွေထောက်ပံ့ပေးခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လတွင် စတင်ဖွင့်လှစ်ခဲ့သည်။




စာသင်ကျောင်းများလိုအပ်သည့် ရန်ပုံငွေနှင့် ဆရာ/ဆရာမ (၂၅၀၀)ကျော်အတွက် လိုအပ်သည့် လစာငွေများအား တအာင်းထီ ရောင်းရသည့်ငွေမှ လစဥ်ထောက်ပံ့ပေးနေခြင်းဖြစ်ရာ အနယ်အနယ်အရပ်ရပ်မှ မိဘပြည်သူများအနေဖြင့် တအာင်းပြည်မှ ကလေးငယ်များ၏ပညာရေးအား ကူညီလိုလျှင် တအာင်းပညာရေးထီအား ထိုးပေးကြရန် လိုအပ်ကြောင်းတိုက်တွန်းလိုက်ရပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပညာရေးထီ၏ (၂၀)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုကို ဦးစိန်ပန်းမှ ဆွတ်ခူး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်