(၇၈) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မာရသွန်းအပြေးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ကြောင်း အသိပေးအပ်

တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ကျင်းပမည့် (၇၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် (၁၀) မိုင်ကျော် မာရသွန်အပြေးပြိုင်ပွဲနှင့် အသိပညာပေးအစီအစဉ်ကို ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကွန်ရက်က ဦးဆောင်ကျင်းပမည်ဖြစ်သည်။ လူ့အခွင့်အရေးအသိပညာ တိုးပွားစေရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှု ခိုင်မာစေရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အသက် (၁၆) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဒီဇင်ဘာလ (၄) ရက်နေ့ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းနိုင်သည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည်၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်နှင့် နမ့်ဖက်ကာမြို့နယ်တွင် တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေစဥ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ (၄)ဦးကို ဖမ်းဆီးရမိခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ခမ်း၊ မိုင်းဝီး၊ ကွတ်ခိုင်နှင့် မိုင်းလုံမြို့နယ်တို့တွင် ဒီဇင်ဘာလအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၆)ဦးနှင့် သုံးစွဲသူ (၂၄)ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

ဒေသတွင်းသတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ဒီဇင်ဘာလအတွင်း ကျေးရွာပေါင်း (၄၅)ရွာရှိ ပြည်သူလူထုများထံ အသိပညာပေးမှုများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်နိုင်ခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး (TSYU)အား တည်ထောင်ခြင်း (27)နှစ်ပြည့်နှစ်သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့တွင် လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း (Tea Land School Of Political Science- TLSPS) အပတ်စဉ် (၃) ဒီပလိုမာဘွဲ့ အပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ ကျင်းပပြီးစီးခဲ့ပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနှင့် ဗိုလ်ချုပ် တားဘုန်းကျော်တက်ရောက်ခဲ့ကြသည်။

လူကြည့်အများဆုံး သတင်းများ

29 November 2026