1696

လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၃) ဒီပလိုမာဘွဲ့ အပ်နှင်းပွဲအခမ်းအနားကို PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနှင့် ဗိုလ်ချုပ် တားဘုန်းကျော်တက်ရောက်

ဒေသတွင်းသတင်း / ဒေသတွင်း
26 December 2025

လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၃) ဒီပလိုမာဘွဲ့ အပ်နှင်းပွဲအခမ်းအနားကို  PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနှင့် ဗိုလ်ချုပ်  တားဘုန်းကျော်တက်ရောက်

နမ့်ဆန်၊ ဒီဇင်ဘာ ၂၆ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့တွင် လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း (Tea Land School Of Political Science- TLSPS) အပတ်စဉ် (၃) ဒီပလိုမာဘွဲ့ အပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့  နံနက် (၉း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ ကျင်းပပြီးစီးခဲ့ပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနှင့် ဗိုလ်ချုပ်  တားဘုန်းကျော်တက်ရောက်ခဲ့ကြသည်။




အဆိုပါအခမ်းအနားတွင် PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းမှ ကျောင်းဆင်းသွားသည့် ကျောင်းသူ/သားများသည်  အုပ်ချုပ်နိုင်ရေးနှင့် မိမိလူမျိုးများ နောက်မကျအောင် အခြားလူမျိုးများနှင့် နိုင်ငံရေးအခွင့်အရေးတန်းတူရရှိရန် အနာဂတ်လူငယ်များ စဉ်စားတွေးခေါ်တတ်နိုင်ရမည်။ ထိုအပြင် ကျနော်တို့ လူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆင်းရဲဒုက္ခအနစ်နာခံကာ ကျော်လွှားနိုင်ပြီးနောက် ယခုအခါ အပတ်စဉ် (၃)ရောက်ရှိနေပြီးဖြစ်ပါသည်။ ထိုကြောင့် ကျောင်းသား/သူများ သင်ကြားလေ့လာထားသည့် အတတ်ပညာအတွေ့အကြုံများကို အသုံးချပြီး တအာင်းလူမျိုးအတွက်  ယခုထက်မက ဖွံ့ဖြိုးတိုးတက်အောင် မိမိကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရမည်ဟု  အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။






ထို့အပြင် အခမ်းအနားတွင် PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ဗိုလ်မှူးချုပ် တားဂူ;ဇာရ်း၊ ဗိုလ်မှူးကြီး တားပန်လ၊ တအာင်းပြည်ပညာရေးကောင်စီ-TLEC ဥက္ကဋ္ဌ ဒီဒီပို;စေင်၊ ပါမောက္ခ ဒေါက်တာဟောည်၊  ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ပြည်သူလူထုများ စုစုပေါင်း လူဦးရေ (၅၀၀)ကျော် တက်ရောက်ခဲ့သည်။












ထိုသင်တန်းတွင် စုစုပေါင်း ဘာသာရပ် (၄၅)ဘာသာသင်ကြားခဲ့ရပြီး တအာင်းရုံးသုံးစာ၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာနှင့် နိုင်ငံရေးနှင့်ဆိုင်သည့် ဘာသာရပ်များကို တက်ကျွမ်းသည့် ဆရာ/မတို့မှ သင်ကြားပေးခဲ့သည်။

ဤကျောင်းသည် (၂၀၂၃)ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား (၂၂)ဦးနှင့် ကျောင်းသူ (၁၂)ဦး စုစုပေါင်း လူဦးရေ (၃၄)ဦးတို့က သင်တန်းကာလ (၂)နှစ်ကြာ တက်ရောက်သင်ကြားခဲ့သည်။ ထိုကျောင်းကို တက်ရောက်ပြီးမြောက်သွားသည့် ကျောင်းသား/သူများအနေဖြင့် တအာင်းပြည်အတွင်းရှိ ပြည်သူ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။






အခမ်းအနားတွင် လက်ဖက်မြေ ပညာရေးသိပ္ပံကျောင်းအောင်မြင်ပြီးမြောက်သော ကျောင်းသား/သူများကို ဒီပလိုမာဘွဲ့အပ်နှင်းခြင်း၊ ထူးချွန်သည့် ကျောင်းသား/သူများကို ဆုချီးမြှင့်ပေးခြင်းနှင့် သင်ကြားပေးသည့် ဆရာ/မများကိုလည်း ဂုဏ်ပြုချီးမြှင့်အပ်ပါသည်။






ထိုအပြင် ကျောင်းဖွင့်ထားသည့်ကာလအတွင်း နိုင်ငံရေးအခြေအနေမငြိမ်မသက်မှုကြောင့်  နေရာပြောင်းရွေ့ပြီး စာသင်ရခြင်း၊ သင်ကြားပေးသည့် ဆရာ/မများ ခေါ်ယူရာတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိခြင်းနှင့် လေကြောင်းရန်အန္တရာယ်များကို စိုးရိမ်နေရခြင်းရှိသော်လည်း ယခုချိန်၌ လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်းကို တက်ရောက်ခဲ့သည့် ကျောင်းသား/သူအနေဖြင့် အခက်အခဲပေါင်းစုံကြား ကျော်လွှားအောင်မြင်တက်ရောက်နိုင်ခဲ့ပါသည်။

လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၂) ကျောင်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့သည့် (၂၀၁၉)ခုနှစ်တွင် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ကျောင်းသား/သူ စုစုပေါင်း (၂၅)ဦး တတ်ရောက်အောင်မြင်ခဲ့ကြပါသည်။






#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၃) ဒီပလိုမာဘွဲ့ အပ်နှင်းပွဲအခမ်းအနားကို PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနှင့် ဗိုလ်ချုပ် တားဘုန်းကျော်တက်ရောက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်