တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ကျင်းပမည့် (၇၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် (၁၀) မိုင်ကျော် မာရသွန်အပြေးပြိုင်ပွဲနှင့် အသိပညာပေးအစီအစဉ်ကို ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကွန်ရက်က ဦးဆောင်ကျင်းပမည်ဖြစ်သည်။ လူ့အခွင့်အရေးအသိပညာ တိုးပွားစေရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှု ခိုင်မာစေရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အသက် (၁၆) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဒီဇင်ဘာလ (၄) ရက်နေ့ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းနိုင်သည်။
ယခုဖတ်ရန်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၏ မိခင်ဖြစ်သူ ယာမာခမ်းပါး(ခ)ယာခင်စိန် ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန်သွားခဲ့သည့်အပေါ် ညီနောင်မဟာမိတ်ဖြစ်သည့် မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသောအမျိုးသားပါတီ-MNTJP/MNDAAနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်-ULA/AAတို့မှ ပေးပို့လာသောဝမ်းနည်းကြောင်းသဝဏ်လွှာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၃ရက်
လူကြည့်အများဆုံး သတင်းများ