(၇၈) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မာရသွန်းအပြေးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ကြောင်း အသိပေးအပ်

တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ကျင်းပမည့် (၇၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် (၁၀) မိုင်ကျော် မာရသွန်အပြေးပြိုင်ပွဲနှင့် အသိပညာပေးအစီအစဉ်ကို ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကွန်ရက်က ဦးဆောင်ကျင်းပမည်ဖြစ်သည်။ လူ့အခွင့်အရေးအသိပညာ တိုးပွားစေရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှု ခိုင်မာစေရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အသက် (၁၆) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဒီဇင်ဘာလ (၄) ရက်နေ့ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းနိုင်သည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည် နမ့်ခမ်းခရိုင်၊ မူဆယ်မြို့နယ်၊ အောက်တုန်ခန်ကျေးရွာအဝင်တွင် ကျောက်တင်ထားသည့်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားသွားခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ဆန်နှင့် နမ့်ခမ်းမြို့နယ်တွင် ၅နှစ်အောက်ကလေးငယ် (၂၀၇၆)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်များ (၃၁၁)ဦးကို တအာင်ပြည်ကျန်းမာရေးကောင်စီ-THCမှ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅)မိုင်တွင် သဲတင်ကားတစ်စီးတိမ်းမှောက်ရာမှ ပြည်သူလူထု (၂)ဦးသေဆုံးခဲ့ပြီး (၉)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လူကြည့်အများဆုံး သတင်းများ

29 November 2026