1683

မိုင်းယု (၁၀၅)မိုင်တွင် သဲတင်ကားတစ်စီးတိမ်းမှောက်ရာမှ ပြည်သူလူထု (၂)ဦးသေဆုံး၊ (၉)ဦးထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
15 December 2025

မိုင်းယု (၁၀၅)မိုင်တွင် သဲတင်ကားတစ်စီးတိမ်းမှောက်ရာမှ ပြည်သူလူထု (၂)ဦးသေဆုံး၊ (၉)ဦးထိခိုက်ဒဏ်ရာရ

မူဆယ်၊ ဒီဇင်ဘာ ၁၅ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅)မိုင်တွင် သဲတင်ကားတစ်စီးတိမ်းမှောက်ရာမှ ပြည်သူလူထု (၂)ဦးသေဆုံးခဲ့ပြီး (၉)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ (၁၄)ရက် နေ့လယ် (၂း၃၀)နာရီအချိန်၌ သဲတင်ကားမောင်းနှင်သည့် အသက် (၃၂)နှစ်အရွယ် ကိုရဲမင်းဖြိုးသည် ညီနောင်မဟာမိတ် (၃)ဖွဲ့၏ စစ်ဆေးရေးဂိတ်ရောက်အနီး ကားဘရိတ်ပေါက်ပြီး ကားတိမ်းမှောက်သွားခဲ့သည်။

ထိုကားတိမ်းမှောက်မှုကြောင့် ၎င်းစစ်ဆေးဂိတ်အနီးတွင် ရပ်နေသည့်ခရီးသည်များအား ဝင်တိုက်ကာ ဒေါ်တင်စိုးဟွမ်နှင့် ဒေါ်ဟုန်စုံတင်တို့ သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး၊ အမျိုးသား (၈)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါအခင်းဖြစ်ပွားခဲ့သည့်နေရာကို ညီနောင်မဟာမိတ် (၃)ဖွဲ့မှ စစ်ဆေးဆောင်ရွက်မှုပြုလုပ်ခဲ့ပြီး  ထိုအမျိုးသားကိုလည်း ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါသည်။

ထိုနောက် ထိခိုက်ဒဏ်ရာရရှိသွားသည့်သူများကို မိုင်းယု (၁၀၅)မိုင်ရှိ လူမှုကူညီရေးအသင်းနှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့တို့မှ ဆေးကုသရန် ပို့ဆောင်ပေးခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၉)ရက်နေ့လည်း နမ့်ဆန်မြို့တွင် ကားတစ်စီးသည် ကားဘရိတ်ပေါက်မှုကြောင့် နေအိမ်ကို ဝင်တိုက်မိရာမှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းယု (၁၀၅)မိုင်တွင် သဲတင်ကားတစ်စီးတိမ်းမှောက်ရာမှ ပြည်သူလူထု (၂)ဦးသေဆုံး၊ (၉)ဦးထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်