1688

တအာင်းပြည်ကျန်းမာရေးကောင်စီ-THCမှ နမ့်ဆန်နှင့် နမ့်ခမ်းမြို့တွင် ၅နှစ်အောက်ကလေးငယ် (၂၀၇၆)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၃၁၁)ဦးကို ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
18 December 2025

တအာင်းပြည်ကျန်းမာရေးကောင်စီ-THCမှ နမ့်ဆန်နှင့် နမ့်ခမ်းမြို့တွင် ၅နှစ်အောက်ကလေးငယ် (၂၀၇၆)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၃၁၁)ဦးကို  ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့


နမ့်ဆန်၊ ဒီဇင်ဘာ ၁၈ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ဆန်နှင့် နမ့်ခမ်းမြို့နယ်တွင်  ၅နှစ်အောက်ကလေးငယ် (၂၀၇၆)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်များ (၃၁၁)ဦးကို တအာင်ပြည်ကျန်းမာရေးကောင်စီ-THCမှ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ပါသည်။





ပြီးခဲ့သည့် သြဂုတ်လ (၆)ရက်နေ့မှ စတင်ပြီး တအာင်းပြည်ကျန်းမာရေးကောင်စီ-THC၏ဦးဆောင်မှုဖြင့် ကျန်းမာရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူပေါင်း၍ နမ့်ဆန်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တွင် ၅နှစ်အောက်ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်တို့ကို ကာကွယ်ဆေးများအား စတင်ထိုးနှံခဲ့ပါသည်။





ထိုအပြင် ထိုးနှံတိုက်ကျွေးပေးသည် ကာကွယ်ဆေးများထဲတွင် BGC ဦးနှောက်တီဘီရောဂါကာကွယ်ဆေး၊ Pentavalent-ငါးမျိုးစပ်ကာကွယ်ဆေး-(DPT, Hib, HepatitisB) (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ Hemophilus Influenza TypeB (ဟေမိုဖီးလပ် အင်ဖလူရင်ဇာ TypeB)၊ (အသည်းရောင်အသားဝါဘီ)၊ OPV-အစက်ချပိုလီယိုရောဂါကာကွယ်ဆေး၊ Rota-ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး၊ MR-ဝက်သက်နှင့်  ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ JE-ဂျပန်ဦးနှောက်ရောင်ရောဂါနှင့် Td-မေးခိုင်၊ ဆုံဆို့နာစသည့်ဆေးများ ဖြစ်ပါသည်။





အဆိုပါမြို့နယ်ရှိ ၅နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အမီလိုက်ကာကွယ်ဆေးထိုးစနစ်ဖြင့်  ကာကွယ်ဆေးစတင်ထိုးနှံခဲ့ရာ၌ ယခုအချိန်တွင် (၇၀)ရာခိုင်းနှုန်းအထိ ထိုးနှံပြီးစီးခဲ့ပြီဖြစ်ပြီး ကာကွယ်ဆေး မထိုးရသေးသည့်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကာကွယ်ဆေးလာထိုးကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။






ထိုနောက် တအာင်းပြည်အတွင်းရှိ လူမျိုးပေါင်းစုံမိဘပြည်သူများအနေဖြင့်လည်း မိမိတို့နေထိုင်ရာ အရပ်ဒေသရှိ ကလေးငယ်များတွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများဖြစ်ပွားခြင်းမရှိစေရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးပါရန် လေးစားစွာဖြင့် အသိပေးနှိုးဆော်အပ်ပါသည်။ လစဥ်လတိုင်း ကလေးငယ်များကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်သောကြောင့် နီးစပ်ရာ ကျန်းမားရေးဆေးရုံ၊ ဆေးပေးခန်းများတွင် လာရောက်စုံစမ်းရန် အသိပေးအပ်ပါသည်။


လာမည့် ၂၀၂၆ ခုနှစ်တွင် တအာင်းပြည်ကျန်းမာရေးကောင်စီ-THCမှ တအာင်းပြည်အတွင်းရှိ မြို့နယ်များအားလုံးတွင် ကာကွယ်ဆေးများကို လစဉ်ထိုးနှံပေးသွားနိုင်ရန်အတွက် ကျန်းမာရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျှက်ရှိပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်ကျန်းမာရေးကောင်စီ-THCမှ နမ့်ဆန်နှင့် နမ့်ခမ်းမြို့တွင် ၅နှစ်အောက်ကလေးငယ် (၂၀၇၆)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၃၁၁)ဦးကို ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်