1707

ကွတ်ခိုင်နှင့် နမ့်ဖက်ကာမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၄)ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
05 January 2026

ကွတ်ခိုင်နှင့် နမ့်ဖက်ကာမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ  မူးယစ်ဆေးဝါးရောင်းဝယ်သူ (၄)ဦး ဖမ်းဆီးရမိ

ကွတ်ခိုင်၊ ဇန်နဝါရီ ၅ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်နှင့် နမ့်ဖက်ကာမြို့နယ်တွင်  တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေစဥ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ (၄)ဦးကို ဖမ်းဆီးရမိခဲ့သည်။



ကွတ်ခိုင်မြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ (၃၁)ရက်နေ့ ည (၆း၀၀)နာရီအချိန်၌ မြို့နယ်ရဲတပ်ဖွဲ့မှ ဆာယာကျေးရွာအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်နေသည်ဟု သတင်းရရှိပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာမှ  အသက် (၆၃) နှစ်အရွယ် ဦးအိုက်လေ၊ အသက် (၂၄) နှစ်အရွယ် မအီခမ်း၊ အသက် (၃၂)နှစ်အရွယ် မအိုကျိမ်တို့ထံ ယာမဆေးပြား (၁၀)ပြားနှင့် မူးယစ်ဆေးဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။


အလားတူ နမ့်ဖက်ကာမြို့နယ်လည်း မြို့နယ်ရဲတပ်ဖွဲ့သည် လွယ်မန်ဆာကျေးရွာတွင် ရှောင်တခင်စစ်ဆေးမှုပြုလုပ်နေချိန် မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၂၃)နှစ်အရွယ် ဒေါ်အေဆွေထံ ယာမဆေးပြား (၃၀)ထုပ်၊ ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် (၂)ခွက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။



အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာအတွင်း တအာင်းပြည်ရှိ နမ့်ခမ်း၊ မိုင်းဝီး၊ ကွတ်ခိုင်နှင့် မိုင်းလုံမြို့နယ်တို့တွင်  တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၆)ဦးနှင့် သုံးစွဲသူ (၂၄)ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန


Topics: ကွတ်ခိုင်နှင့် နမ့်ဖက်ကာမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၄)ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်