တအာင်းပြည်တွင် ဒီဇင်ဘာလအတွင်း တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၆)ဦးနှင့် သုံးစွဲသူ (၂၄)ဦး ဖမ်းဆီးနိုင်ခဲ့
တအာင်းပြည်၊ ဇန်နဝါရီ ၂ရက်
တအာင်းပြည်၊ နမ့်ခမ်း၊ မိုင်းဝီး၊ ကွတ်ခိုင်နှင့် မိုင်းလုံမြို့နယ်တို့တွင် ဒီဇင်ဘာလအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၆)ဦးနှင့် သုံးစွဲသူ (၂၄)ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

နမ့်ခမ်းမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်စဥ် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးထံ ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာဗူး(၂၃)ဗူး၊ ယာမဆေးပြား(၁၆၈)ပြားနှင့် ဖုန်း(၂)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
မိုင်းဝီးမြို့နယ်လည်း မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုဆောင်ရွက်နေစဥ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၁)ဦးအပါအဝင် မူယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးထံ ဘိန်းဖြူဆပ်ပြာခွက်(၂) ခွက်၊ စိတ်ကြွဆေးပြား (၈၄၂)ပြား၊ ဖုန်း(၁)လုံးနှင့် ငွေသာ(၁၅၀၀,၀)ကျပ်နှင့် အတူ သိမ်းဆည်းရမိခဲ့ပါသည်။
အလားတူ မိုင်းလုံမြို့နယ်တွင်လည်း မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်ဆောင်ရွက်နေစဥ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁)ဦးနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူ(၂)ဦးထံ ဘိန်းဖြူများ နှင့် ယာမဆေးပြား(၂၁၁) ပြားနှင့် အတူ ၎င်းကို ဖမ်းဆီးရမိခဲ့ပါသည်။
ထိုအပြင် မိုင်းငေါ့မြို့နယ်လည်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၅)ဦးအပြင် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးထံလည်း ဘိန်းဖြူ ထည့်ထားသည့် ဗူး(၁)ဗူးနှင့် ယာမဆေးပြား(၇၀)ပြားအတူ ဖမ်းဆီးရမိခဲ့သည်။ ထိုနောက် ကွတ်ခိုင်မြို့နယ်လည်း မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီး (၁)ဦးထံ ဘိန်းဖြူ (၂)ပုလင်း နှင့် အခြားမူးယစ်စပ်ဆက်သည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို အကျင့်စာရိတ္တပြုပြင်သွားမည်ဖြစ်သည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းလည်း တအာင်းပြည် ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၉)ဦးနှင့် သုံးစွဲသူ (၃၀)ဦးတိုကို ဖမ်းဆီးနိုင်ခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ