(၇၈) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မာရသွန်းအပြေးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ကြောင်း အသိပေးအပ်

တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ကျင်းပမည့် (၇၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် (၁၀) မိုင်ကျော် မာရသွန်အပြေးပြိုင်ပွဲနှင့် အသိပညာပေးအစီအစဉ်ကို ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကွန်ရက်က ဦးဆောင်ကျင်းပမည်ဖြစ်သည်။ လူ့အခွင့်အရေးအသိပညာ တိုးပွားစေရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှု ခိုင်မာစေရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အသက် (၁၆) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဒီဇင်ဘာလ (၄) ရက်နေ့ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းနိုင်သည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ(၅)နယ်မြေ ကွတ်ခိုင်မြို့နယ်၊ မန်ဂျတ်အုပ်စု၊ အထက်လွယ်အွန်ကျေးရွာအနီးရှိ ရေချောင်းအတွင်း ကားတစ်စီးပြုတ်ကျသွားကာ (၄)ဦး ဒဏ်ရာရရှိပြီး ၁ဦး ပျောက်ဆုံးနေပါသည်။

ဒေသတွင်းသတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သည့် တအာင်းပြည်တစ်နေရာတွင် တရားဥပဒေစိုးမိုးရေး(အခြေခံပုလိပ်သင်တန်း) အပတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ကျင်းပပြီးစီးခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံး အပါအဝင် ဗုံး(၅)လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူ(၁)ဦးသေဆုံးခဲ့ပြီး (၁၀)လသားအရွယ်ကလေးငယ်အပါအဝင် (၈)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည် တပ်မဟာ(၅)နယ်မြေ၊ ကွတ်ခိုင်မြို့နယ် လွယ်ဆိုင်ကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦးသည် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိပြီး ပေါက်ကွဲကာ ​၎င်း၏ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင် စက်တင်ဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်မှ ပြည်သူများကို ဦးတည်ပြီး လေကြောင်းအသုံးပြုပြီး ​ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၄)ဦး သေဆုံးကာ (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လူကြည့်အများဆုံး သတင်းများ

29 November 2026