ကွတ်ခိုင်တွင် ကားတစ်စီး ရေချောင်းအတွင်းပြုတ်ကျပြီး အမျိုးသား (၄)ဦး ဒဏ်ရာရ၊ ၁ဦး ပျောက်ဆုံးနေ
ကွတ်ခိုင်၊ အောက်တိုဘာလ ၉ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၅)နယ်မြေ ကွတ်ခိုင်မြို့နယ်၊ မန်ဂျတ်အုပ်စု၊ အထက်လွယ်အွန်ကျေးရွာအနီးရှိ ရေချောင်းအတွင်း ကားတစ်စီးပြုတ်ကျသွားကာ (၄)ဦး ဒဏ်ရာရရှိပြီး ၁ဦး ပျောက်ဆုံးနေပါသည်။
ဖြစ်စဉ်တွင် ယမန်နေ့ အောက်တိုဘာ (၈)ရက် ည (၁၁း၃၀)အချိန်တွင် မိုင်းထွန်းမင်းနိုင်၊ မိုင်းနော်ခမ်း၊ မိုင်းဆမ်ပီ၊ မိုင်းဆိုင်လူနှင့် မိုင်းအငိုတို့သည် မြို့အတွင်းမှ အထက်လွယ်အွန်သို့ power bank သွားယူစဥ် ကားအရှိန်မထိန်းနိုင်ဘဲ ရေချောင်းအတွင်းပြုတ်ကျသွားခဲ့သည်။ ကားအတွင်းပါလာသူ (၅)ဦးအနက် ၄ ဦးဒဏ်ရာရရှိခဲ့ပြီး မိုင်းအငိုဆိုသူမှာ ပျောက်ဆုံးနေပြီး ယခုချိန်ထိ ရှာဖွေနေဆဲဖြစ်သည်။
ဒဏ်ရာရရှိထားသည့် (၄)ဦးကို ယမန်နေ့ ညတွင် အထက်လွယ်အွန်ကျေးရွာဒေသခံများ ကွတ်ခိုင်ပြည်သူ့ဆေးရုံးကို ပို့ဆောင်ပေးခဲ့ပြီး ဆေးဝါးကုသမှုခံယူနေပါသည်။
အခင်းဖြစ်ပွားရာနေရာသို့ PSLF/TNLA ကွတ်ခိုင်တရားဥပဒေစိုးမိုးရေးအဖွဲ့တို့ သွားရောက်စစ်ဆေးခဲ့ပြီး မော်တော်ယာဥ်အား အုပ်ချုပ်ရေးနှင့် ဒေသခံများဝိုင်းဝန်းကူညီဆယ်ယူပေးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ