(၇၈) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မာရသွန်းအပြေးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ကြောင်း အသိပေးအပ်

တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ကျင်းပမည့် (၇၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် (၁၀) မိုင်ကျော် မာရသွန်အပြေးပြိုင်ပွဲနှင့် အသိပညာပေးအစီအစဉ်ကို ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကွန်ရက်က ဦးဆောင်ကျင်းပမည်ဖြစ်သည်။ လူ့အခွင့်အရေးအသိပညာ တိုးပွားစေရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှု ခိုင်မာစေရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အသက် (၁၆) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဒီဇင်ဘာလ (၄) ရက်နေ့ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းနိုင်သည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်ပြည် တပ်မဟာ (၂)နယ်မြေ ၊ သီပေါမြို့တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း(၅၀၃)နှင့်(၅၀၄) စခန်းတို့အား တိုက်ခိုက်သိမ်းပိုက်စဥ် ဖမ်းဆီးရမိထားသည့် တပ်မိသာစုးဝင် (၁၉၁)ဦးကို PSLF/TNLA မှ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့တွင်း စစ်ကောင်စီတပ်မှ ပြည်သူလူထုကို ဦးတည်ကာ ဂျက်ဖိုက်တာဖြင့် ဖြတ်အားပြင်းလက်နက်အမျိုးအစားဖြစ်သည့် ပေါင် (၅၀၀)ဗုံး (၃)လုံး လာရောက်ကြဲချခဲ့ပြီး နေအိမ်အများအပြားပျက်စီးသွားခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ မုံးစီးမြို့နယ် ရေပူစမ်းတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲမှုကြောင့် အရပ်သား (၁)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ ကွတ်ခိုင်မြို့နယ်၊ မန်ဂျတ်အုပ်စု၊ အထက်လွယ်အွန်ကျေးရွာအနီး ရေချောင်းအတွင်း ကားတစ်စီးပြုတ်ကျခဲ့ပြီး ပျောက်ဆုံးနေသည့် ရုပ်အလောင်းတစ်ဦး၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည် တပ်မဟာ (၂)နယ်မြေ သီပေါမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများကို စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၆၀)ကျော် ကြဲချခဲ့ပြီး သီလရှင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံ (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

လူကြည့်အများဆုံး သတင်းများ

29 November 2026