590

သီပေါနှင့် နောင်ချိုမြို့တို့တွင် စစ်ကောင်စစ်တပ်မှ ဖြတ်အားပြင်း ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး နေအိမ်အများအပြားပျက်စီး

ဒေသတွင်းသတင်း / ဒေသတွင်း
12 October 2024

သီပေါနှင့် နောင်ချိုမြို့တို့တွင် စစ်ကောင်စစ်တပ်မှ ဖြတ်အားပြင်း ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး နေအိမ်အများအပြားပျက်စီး

သီပေါ၊ အောက်တိုဘာလ ၁၂ ရက်နေ့
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့တွင်း စစ်ကောင်စီတပ်မှ ပြည်သူလူထုကို ဦးတည်ကာ ဂျက်ဖိုက်တာဖြင့် ဖြတ်အားပြင်းလက်နက်အမျိုးအစားဖြစ်သည့် ပေါင် (၅၀၀)ဗုံး (၃)လုံး လာရောက်ကြဲချခဲ့ပြီး နေအိမ်အများအပြားပျက်စီးသွားခဲ့သည်။

အောက်တိုဘာလ ၁၀ ရက်နေ့ နေ့လယ် (၁၂း၀၀)အချိန်တွင် သီပေါမြို့ ဇာတ်စုရပ်ကွက်နှင့် သီပေါအကျဉ်းထောင်အတွင်း လာရောက်​ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထောင်အဆောက်အဦးနှင့် လူနေအိမ် (၇)လုံးကျော် ထိခိုက်ပျက်စီးသွားခဲ့ပါသည်။




တိုက်ပွဲဖြစ်ပွားလျက်ရှိသော ခလရ-၂၃ တပ်အနီးတစ်ဝိုက်တွင်းလည်း ယနေ့ အောက်တိုဘာလ  ၁၁ ရက်နေ့ နံနက် ၆း၃၀ အချိန်မှ ၇း၃၀ အချိန်အထိ စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် ဗုံးအလုံး (၄၀) နီးပါးနှင့် နေ့လယ် ၁း၃၀ အချိန်မှ ၂း၃၀ အချိန်ထိ ဗုံးအလုံး (၄၀)ကျော် လာရောက်ကြဲချခဲ့ပြီး နမ့်လန်အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး(၁၀)လုံးကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။




အလားတူ နောင်ချိုမြို့နယ် အင်းဖိုကျေးရွာတွင် အောက်တိုဘာလ ၉ ရက်နေ့ နံနက် (၁၀း၀၀)အချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပြီး ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ထို့အပြင်  အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်(၆း၃၀)အချိန်တွင်လည်း ဘန့်ဘွေရှိစစ်ကောင်စီတပ်စခန်းမှ  လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်။

ထိုသို့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး လူထုနေအိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့သည်။ စစ်ကောင်စီတပ်သည် ပြည်သူလူထု၏ အသက်အိုးအိမ်များ သေကြေပျက်စီးစေရန် စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာများတွင် နေ့စဥ် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါနှင့် နောင်ချိုမြို့တို့တွင် စစ်ကောင်စစ်တပ်မှ ဖြတ်အားပြင်း ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး နေအိမ်အများအပြားပျက်စီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်