587

လွယ်အွန်ကျေးရွာအနီးရှိ ရေချောင်းအတွင်းကားတစ်စီးထိုးကျစဥ် ပျောက်ဆုံးသွားသည့်အမျိုးသား၏ ရုပ်အလောင်းပြန်တွေ့

ဒေသတွင်းသတင်း / ဒေသတွင်း
11 October 2024

လွယ်အွန်ကျေးရွာအနီးရှိ ရေချောင်းအတွင်းကားတစ်ထိုးကျစဥ် ပျောက်ဆုံးသွားသည့်အမျိုးသား၏ ရုပ်အလောင်းပြန်တွေ့

ကွတ်ခိုင်၊ အောက်တိုဘာ (၁၁)ရက်
တအာင်းပြည်တသင်း

တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ ကွတ်ခိုင်မြို့နယ်၊ မန်ဂျတ်အုပ်စု၊ အထက်လွယ်အွန်ကျေးရွာအနီး ရေချောင်းအတွင်း ကားတစ်စီးပြုတ်ကျခဲ့ပြီး ပျောက်ဆုံးနေသည့် ရုပ်အလောင်းတစ်ဦး၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့သည်။




၂ ရက်အကြာ ပျောက်ဆုံးနေသည့် ရုပ်အလောင်းကို ယနေ့ အောက်တိုဘာလ (၁၁)ရက်နေ့ နံနက် (၈း၄၀)နာရီအချိန်တွင် ပြန်လည်တွေ့ခဲ့ပါသည်။ ၎င်းသည် အသက် ၂၄ နှစ်ရှိ မိုင်းအငို ဆိုသူဖြစ်ပြီး ကွတ်ခိုင်မြို့နယ် ပန်ကူကျေးရွာတွင်နေထိုင်သူဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ (၈)ရက် ည (၁၁း၃၀)အချိန်တွင် ကားတစ်စီးအတွင်း အတူစီးလာသည့် အပေါင်းအပါ(၅)ဦးသည် ကွတ်ခိုင်မြို့မှ အထက်လွယ်အွန်သို့ power bank သွားယူစဥ် ကားအရှိန်မထိန်းနိုင်သဖြင့် ရေချောင်းအတွင်း ပြုတ်ကျသွားခဲ့သည်။

ထိုနောက် (၄)ဦးကိုသာ ပြန်လည်တွေ့ရရှိခဲ့ပြီး တစ်ဦးက ပျောက်ဆုံးခဲ့ပါသည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ကွတ်ခိုင်မြို့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့နှင့် ဒေသခံများမှ ဝိုင်းဝန်းရှာဖွေရာ ယခင်ရေအားလျှပ်စစ်ပြုလုပ်ထားသည့်နေရာတွင် ၎င်း၏ရုပ်အလောင်းအား ပြန်လည် တွေ့ရှိခြင်းဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: လွယ်အွန်ကျေးရွာအနီးရှိ ရေချောင်းအတွင်းကားတစ်စီးထိုးကျစဥ် ပျောက်ဆုံးသွားသည့်အမျိုးသား၏ ရုပ်အလောင်းပြန်တွေ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်