593

လူသားချင်းစာနာသောအားဖြင့် သီပေါမြို့ ရှိ ခမရ-၅၀၃ နှင့် ၅၀၄ တပ်စခန်းအတွင်း ဖမ်းဆီးရမိထားသည့် တပ်မိသားစုဝင် (၁၉၁)ဦးကို PSLF/TNLA ပြန်လွှတ်ပေး

ဒေသတွင်းသတင်း / ဒေသတွင်း
14 October 2024

လူသားချင်းစာနာသောအားဖြင့် သီပေါမြို့ ရှိ ခမရ-၅၀၃ နှင့် ၅၀၄ တပ်စခန်းအတွင်း ဖမ်းဆီးရမိထားသည့် တပ်မိသားစုဝင် (၁၉၁)ဦးကို PSLF/TNLA ပြန်လွှတ်ပေး


သီပေါ ၊အောက်တိုဘာလ ၁၄ ရက်

တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ (၂)နယ်မြေ ၊ သီပေါမြို့တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း(၅၀၃)နှင့်(၅၀၄) စခန်းတို့အား တိုက်ခိုက်သိမ်းပိုက်စဥ် ဖမ်းဆီးရမိထားသည့် တပ်မိသာစုးဝင် (၁၉၁)ဦးကို PSLF/TNLA မှ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။




စက်တင်ဘာလ ၂၆ ရက်နေ့တွင် သီပေါမြို့ရှိ စစ်ကောင်စီ၏ (၅၀၃)တပ်စခန်းအား တအာင်းတပ်မတော်မှ သိမ်းပိုက်နိုင်ခဲ့ပြီး ထိုတပ်အတွင်းရှိ  အိမ်ထောင်စု(၃၈)စုရှိ ကျား(၁၁)ဦး၊ မ (၄၈)ဦး၊ ကလေး (၄၃) စုစုပေါင်း တပ်မိသားစုဝင် (၁၀၂)ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။


ထို့အပြင် စက်တင်ဘာလ ၂၇ ရက်နေ့တွင် (၅၀၄)တပ်စခန်းအား ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ထိုတပ်အတွင်းရှိ  အိမ်ထောင်စု(၃၄)စုရှိ ကျား(၁၆)ဦး၊ မ (၃၉)ဦး၊ ကလေး (၃၄) ဦးစုစုပေါင်း တပ်မိသားစုဝင် (၈၉)ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။




ထို့နောက် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ လူသားချင်းစာနာထောက်ထားသောအားဖြင့် ထိုဖမ်းဆီးထိန်းသိမ်းထားခဲ့သည့် တပ်မိသားစုဝင်များကို ပြန်လွှတ်ပေးခဲ့ပြီး ကား (၄)စီးဖြင့် ပို့ဆောင်ပေးခဲ့သည်။


အလားတူ  အောက်တိုဘာလ ၁၂ ရက်နေ့တွင် နောက်ဆုံးကျန်ရှိသည့် သီပေါမြို့ရှိ ခြေလျင်တပ်ရင်း-ခလရ ၂၃ တပ်စခန်းအား တအာင်းတပ်မတော် PSLF/TNLA မှ  အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သီပေါမြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: လူသားချင်းစာနာသောအားဖြင့် သီပေါမြို့ ရှိ ခမရ-၅၀၃ နှင့် ၅၀၄ တပ်စခန်းအတွင်း ဖမ်းဆီးရမိထားသည့် တပ်မိသားစုဝင် (၁၉၁)ဦးကို PSLF/TNLA ပြန်လွှတ်ပေး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်