588

မုံးစီမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲမှုကြောင့် အရပ်သား (၁)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
11 October 2024

မုံးစီမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲမှုကြောင့် အရပ်သား (၁)ဦး ထိခိုက်ဒဏ်ရာရ


မုံးစီး၊ အောက်တိုဘာလ ၁၁ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ မုံးစီးမြို့နယ် ရေပူစမ်းတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲမှုကြောင့် အရပ်သား (၁)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။


ဖြစ်စဥ်တွင် ယမန်နေ့ အောက်တိုဘာလ ၁ဝ ရက်နေ့ နံနက်(၃း၃၀)အချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၄)လုံး လာရောက်ကြဲချခဲ့ပြီး အဆောက်အဦးတစ်ချို့ ပျက်စီးသွားခဲ့သည်။


၎င်းနေရာသည် မုံးစီးမြို့နယ်နှင့် တာမိုးညဲမြို့နယ်  ပြည်သူများ၏ အပန်းဖြေစခန်းတစ်ခုသာဖြစ်ပြီး စစ်ကောင်စီတပ်မှ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူလူထုကိုဦးတည်ကာ ဂျက်ဖိုက်တာဖြင့် လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။


ပြီးခဲ့သည့် သြဂုတ်လ (၇)ရက်နေ့တွင်လည်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဖြတ်အားပြင်း လက်နက်အမျိုးစားဖြစ်သည့် ပေါင် (၅၀၀)ဗုံးအသုံးပြုပြီး (၂)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


သြဂုတ်လ (၅)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်သည် ကွတ်ခိုင်မြို့အား တစ်နေ့အတွင်း (၄)ကြိမ် လေကြောင်းအသုံးပြုပြီ တိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ခံ ပြည်သူ (၆)ဦး သေဆုံးကာ (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ကွတ်ခိုင်မြို့မဈေးလည်း မီးလောင်သွားခဲ့ပြီး ဆိုင်ခန်းပေါင်း(၄၀၁)ခန်း မီးလောင်ပျက်စီးသွားခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မုံးစီမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲမှုကြောင့် အရပ်သား (၁)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်