အယ်လ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်ထက် မြင့်တက်လာသည့် သဘာဝရာသီဥတုဖြစ်စဉ်တစ်ရပ်ဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် ဒေသအလိုက် အပူလှိုင်းဖြတ်ခြင်း၊ မိုးခေါင်ခြင်း၊ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲခြင်း၊ ရုတ်တရက်မိုးသည်းထန်ခြင်းနှင့် ရေကြီးခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ရေအရင်းအမြစ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများ ရှိလာနိုင်သည်။
ယခုဖတ်ရန်တအာင်းပြည်၊ တပ်မဟာ (၃) နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ နောင်လင်၊ ကျောက်တော်၊ အုမ္မခါး၊ လုံစံနှင့် လုံရဲကျေးရွာကြား၊ အုမ္မသီးနှင့် ဆမ္မဆယ်ကျေးရွာကြားတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၆)လုံး၊ လက် နက်ကြီး (၁၁၂)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၂၀)လုံး လာရောက်ပစ်ကူတိုက်ခိုက်ခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ နောင်လင်၊ လုံစံ၊ အုမ္မခါး၊ နောင်ဖာကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၄၇)လုံးနှင့် လက်နက်ကြီး (၁၇၂)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၃၁)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။
လူကြည့်အများဆုံး သတင်းများ