1232

တအာင်းပြည်တွင် ဇွန်လအတွင်း တအာင်းစာအဖွဲ့-TLAမှ ကျေးရွာ (၇)ရွာကိုအခြေခံတအာင်းရုံးသုံးစာသင်တန်း ဖွင့်လှစ်နိုင်ခဲ့

သတင်း / နိုင်ငံရေး
02 July 2025

တအာင်းပြည်တွင် ဇွန်လအတွင်း တအာင်းစာအဖွဲ့-TLAမှ ကျေးရွာ (၇)ရွာကိုအခြေခံတအာင်းရုံးသုံးစာသင်တန်း ဖွင့်လှစ်နိုင်ခဲ့

တအာင်းပြည်၊ ဇူလိုင်လ ၂ရက်

တအာင်းပြည်တွင် ဇွန်လတစ်လအတွင်း တအာင်းစာအဖွဲ့-TLAမှ ကျေးရွာ (၇)ရွာကို အခြေခံတအာင်းရုံးသုံးစာသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်း ဆင်းပွဲကျင်းပပြုလုပ်ပေးခဲ့ပြီးဖြစ်ပါသည်။

အဆိုပါကျေးရွာများတွင် မန်တုံမြို့နယ်မှ ဟူတုန်ကျေးရွာ၊ ကျောက်မဲမြို့နယ်မှ ပန်ဖျက်ကျေးရွာ၊ ကောင်းခါးကျေးရွာ၊ မိုင်းလုံမြို့နယ်မှ တောင်နီကျေးရွာ၊ ကုံးမုံကျေးရွာ၊ ကုန်းသာကျေးရွာနှင့် မိုးကုတ်မြို့နယ် ညောင်ကုန်းကျေးရွာတို့ဖြစ်ကြသည်။

ထိုကျေးရွာများမှ သံဃာတော်အပါ (၄၁)ပါး၊ သင်တန်းသား (၅၅)ဦးနှင့် သင်တန်းသူ (၁၈၉)ဦးတို့ စုစုပေါင်း (၂၈၅)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းပြီးမြောက်ကြောင့်သင်တန်း ဆင်းလက်မှတ် (Certificates) များကို ချီးမြှင့်ပေးခဲ့သည်။

အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်သည် တအာင်းစာသည် တအာင်းပြည်ကို လွမ်းခြုံနိုင်ရေး၊ တအာင်းလူမျိုးအားလုံး တအာင်းစာများများဖတ်နိုင်ရန်အတွက် စာအုပ်များထုတ်လုပ်နိုင်ရေး၊ တအာင်းပြည်အတွင်း တအာင်းစာသင်တန်းကို ဖွင့်လှစ်နိုင်ရေးနှင့် တအာင်းလူမျိုးအားလုံး တအာင်းစာများကိုပြောတက်၊ ရေးတက်၊ဆိုတက်၊သုံးတက်နိုင်ရန်တို့ဖြစ်ပါသည်။

ပြီးခဲ့သည့် မေလအတွင်းလည်း တအာင်းစာပေအဖွဲ့-TLAမှ မိုးကုတ်၊မိုးမိတ်၊ မိုင်းငေါ့မြို့နယ်တို့မှ ကျောင်း သား/သူ စုစု ပေါင်း (၂၀၅)ဦးတို့ကို အခြေခံတအာင်းရုံးသုံးစာသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်တွင် ဇွန်လအတွင်း တအာင်းစာအဖွဲ့-TLAမှ ကျေးရွာ (၇)ရွာကိုအခြေခံတအာင်းရုံးသုံးစာသင်တန်း ဖွင့်လှစ်နိုင်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်