1247

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား

သတင်း
08 July 2025

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား

နောင်ချို၊ ဇူလိုင်လ ၈ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ  မျက်ချီးနု၊ ရေမောင်းတန်း၊ နောင်လင်၊ ကျောက်ကြမ်း၊ နန်းကျီးကုန်းနှင့် နားမိုင်ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၁၂၇)လုံးနှင့် ဒရုန်းဖြင့် ဗုံး(၄၂)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့သည်။

ဖြစ်စဥ်တွင် ဇူလိုင် (၇)ရက်နေ့ နားမိုင်နှင့် ရေမောင်းတန်းကျေးရွာဘက် တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၈၇)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၁၀)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့သည်။

အလားတူ ကျောက်ကြမ်းနှင့် ကျောက်တောကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး(၂၄)လုံးနှင့် လက်နက်ကြီး (၂၁)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။





ထိုအပြင် နောင်လင်၊ နန်းကျီးကုန်းကျေးရွာဘက်တွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကောင်စီတပ်မှ  လက်နက်ကြီး (၁၉)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၈)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် (၆)ရက်နေ့လည်း နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ အောင်ချမ်းသာ၊ ရေမောင်းတန်း၊ နောင်လင်နှင့် မျက်ချီးနုကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၃၄)လုံး၊ လက်နက်ကြီး (၉၈)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၄၆)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့သည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန်လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်