သုံးဆယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၃)ဦး သေဆုံး၊ (၁)ဦး ထိခိုက်ဒဏ်ရာရ
နောင်ချို၊ ဇူလိုင်လ ၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၁၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူလူထု (၃)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ယနေ့ နေ့လယ် (၃း၁၅)နာရီအချိန်တွင် တစ်ကြိမ်၊ (၃း၁၆)နာရီအချိန်တွင် တစ်ကြိမ်၊ (၃း၂၀)နာရီအချိန်တွင် တစ်ကြိမ်၊ (၃း၂၃)နာရီအချိန်တွင် တစ်ကြိမ် စုစုပေါင်း (၄)ကြိမ်ဖြင့် ဗုံး (၁၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။
ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား (၃)ဦး သေဆုံးခဲ့ရပြီး အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၂)အိမ်နှင့် ဘုန်းကြီးကျောင်း (၂)ကျောင်းလည်း ထိမှန်ပျက်စီးခဲ့ပါသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ (၂၉)ရက်နေ့လည်း ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅ဝ)ဗုံး (၆)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး (၂)ဦးနှင့်အမျိုးသား (၄)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် (၁၄)အိမ်၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၂)ကျောင်းလည်း ထိမှန်ပျက်စီးသွားခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ