1242

ကျောက်မဲမြို့တွင် စစ်‌ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်

သတင်း / နိုင်ငံရေး
06 July 2025

ကျောက်မဲမြို့တွင် စစ်‌ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်


ကျောက်မဲ၊ ဇူလိုင် ၆ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂)တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၁)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။


ယနေ့  ညသန်းခေါင် (၁၂းဝဝ)နာရီအချိန်တွင် လေကြောင်းဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့်   အဆောက်အဦး (၄)လုံး ထိမှန်ပျက်စီးသွားခဲ့သည်။




အလားတူ ဇူလိုင်လ (၅)ရက်နေ့လည်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သီပေါမြို့ကို ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ့ဆေးရုံခွဲစိတ်ဆောင် (၁)ဆောင်၊ စည်ပင်အဆောက်အဦး (၅)အိမ်နှင့် နေအိမ် (၈)အိမ် ထိမှန်ပျက်စီးသွားခဲ့သည်။


ပြီးခဲ့သည့် ဇွန်လတစ်လတွင် တအာင်းပြည်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါအဝင် ပြည်သူလူထု (၂၂)ဦး ထိမှန်ဒဏ်ရာရရှိပြီး (၅)ဦးသေဆုံးကာ နေအိမ် (၆၅)အိမ်၊ စာသင်ကျောင်း (၃)ကျောင်းနှင့် ဘုန်းကြီးကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးသွားခဲ့သည်။



ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲမြို့တွင် စစ်‌ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်