တအာင်းပြည် နမ့်ခမ်းနှင့် မိုင်းလုံမြို့နယ်တို့တွင် တအာင်းပြည်ရဲတပ်ဖွဲ့နှင့် တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၀၁) တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းများဆောင်ရွက်စဉ် နိုဝင်ဘာလ ၂ ရက်နှင့် အောက်တိုဘာလ ၂၅ ရက်တို့၌ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၂ ဦးနှင့် သုံးစွဲသူ ၂ ဦးတို့ကို စိတ်ကြွရူးသွပ်ဆေးပြားများ၊ ဘိန်းဖြူနှင့် ငွေကြေးများအပြင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါတရားခံများကို PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
ယခုဖတ်ရန်တအာင်းပြည်တွင် အောက်တိုဘာအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော် (၂)ပါး၊ ကလေး (၁၀)ဦး၊ အမျိုးသား (၁၆)ဦးနှင့် အမျိုးသမီး (၂၁)ဦးသေဆုံးသွားခဲ့ပြီး သံဃာတော် (၆)ပါး၊ ကလေး (၂၆)ဦး၊ အမျိုးသား (၂၀)ဦး၊ အမျိုးသမီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၇၅)အိမ်၊ စာသင်ကျောင်း (၅)ကျောင်း၊ ဘုန်းကြီးကျောင်း (၇)ကျောင်း၊ ကျောင်းဆောင် (၉)ဆောင်၊ အဆောက်အဦး (၆)ခု၊ မွေးမြူးရေးခြံ (၂)ခြံ၊ ဆိုင်ခန်း (၅)ခန်း၊ လက်ဖက်စက်ရုံ (၁)ရုံ၊ ဆိုင်ကယ် (၄)စီးနှင့် ကား (၁၀)စီးတို့ ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။
လူကြည့်အများဆုံး သတင်းများ