နမ့်ခမ်းမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦး ထပ်မံဖမ်းဆီးရမိ
နမ့်ခမ်း၊ ဒီဇင်ဘာ ၉ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦးထပ်မံဖမ်းဆီးရမိခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ (၆)ရက်နေ့ နေ့လယ် (၁၂း၀၀)နာရီဝန်းကျင်၌ နမ့်ခမ်းမြို့နှင့် မူဆယ်မြို့ကြားတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ စစ်ဆေးမှုဆောင်ရွက်နေစဥ် အသက် (၃၅)နှစ်အရွယ် ဦးညီအောင်ကျော်ဦးထံ ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် (၁)ခွက်နှင့် ယာမဆေးပြား (၉၀)ပြား၊ ဖုန်း (၁)လုံးနှင့်အတူ သိမ်းဆည်းရမိခဲ့သည်။
၎င်းအမျိုးသားကို တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၃၀)ရက်နေ့လည်း နမ့်ခမ်းခရိုင်၊ မိုင်းဝီးမြို့နယ်အတွင်း တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်လှည့်လည်စစ်ဆေးနေချိန် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးဖမ်းဆီးရမိခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ