1670

တအာင်းစာအဖွဲ့-TLAမှ ဟိုဝမ်နှင့် နောင်ဆင်ကျေးရွာတွင် အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ

ဒေသတွင်းသတင်း
09 December 2025

တအာင်းစာအဖွဲ့-TLAမှ  ဟိုဝမ်နှင့် နောင်ဆင်ကျေးရွာတွင် အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ

ကွတ်ခိုင်၊ ဒီဇင်ဘာလ ၉ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ ကွတ်ခိုင်မြို့နယ်၊ ဟိုဝမ်ကျေးရွာနှင့် ကျောက်မဲမြို့နယ်၊ နောင်ဆင်ကျေးရွာတို့တွင် တအာင်းစာအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။






အဆိုပါ သင်တန်းဆင်းပွဲကို ဟိုဝမ်ကျေးရွာ၌ ဒီဇင်ဘာ (၄)ရက်နေ့တွင် တအာင်းစာအဖွဲ့-TLAမှ ဦးစီးပြီးကျင်းပပြုလုပ်ခဲ့သည်။ ထိုသင်တန်းတွင် သံဃာတော် (၂)ပါး၊ အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၁၄)ဦး စုစုပေါင်း (၂၁)ဦးတက်ရောက်သင်ကြားခဲ့သည်။







အလားတူ ဒီဇင်ဘာ (၇)ရက်နေ့လည်း နောင်ဆင်ကျေးရွာတွင်   တအာင်းစာအဖွဲ့-TLAမှ သင်တန်းသား (၂၈)ဦးနှင့် သင်တန်းသူ (၅၁)ဦး စုစုပေါင်း (၇၉)ဦးတက်ရောက်သင်ကြားခဲ့သည်။

ထိုနောက် ၎င်းတို့ကိုလည်း တအာင်းစာအဖွဲ့-TLAမှ သင်တန်းတက်ရောက်အောင်မြင်ပြီး မြောက်ကြောင်း သင်တန်းဆင်းလက်မှတ် (Certificates)များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။






၎င်းသင်တန်းဆင်းပွဲကို မြို့နယ်ရှိဌာနဆိုင်ရာတာ၀န်ရှိသူများ၊ TLA တာဝန်ရှိသူများ၊ သင်တန်း သူ/သားများ၊ ဆရာ/မများနှင့် မိဘပြည်သူများအပါအဝင် စုစုပေါင်းလူဦးရေ (၃၀၀)ဦးဝန်းကျင် တက်ရောက်ခဲ့ပါသည်။

ပြီးခဲ့သည့် နို၀င်ဘာ (၂၃)ရက်နေ့လည်း ကွတ်ခိုင်မြို့နယ် မန်ဆာကျေးရွာတွင် တအာင်းစာအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းတက်ရောက်အောင်မြင်ပြီးမြောက်သည့် သင်တန်းသား/သူ စုစုပေါင်း (၃၄)ဦးတို့ကို သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းစာအဖွဲ့-TLAမှ ဟိုဝမ်နှင့် နောင်ဆင်ကျေးရွာတွင် အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်