နမ့်ဆန်မြို့တွင် တပေါင်းပွဲတော်၊ ဘုရားစေတီထီးတင်ပွဲနှင့် တအာင်းရိုးရာယဥ်ကျေးမှုအကပြိုင်ပွဲ ကျင်းပခဲ့
ယခုဖတ်ရန်၂၀၂၅ခုနှစ် မေလမှ စတင်ပြီး ဇူလိုင်လလယ်ပိုင်းအထိစစ်ကောင်စီတပ်သည် နောင်ချိုမြို့တွင်းနှင့် နောင်ချိုမြို့အနီးရှိကျေးရွာများသို့ ဦးတည်ပြီး မြေပြင်တွင် အင်အားအလုံးအရင်းဖြည့်တင်းကာ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်း၊ အဆိပ်ငွေ့ဗုံးများကြဲချ၍ တိုက်ခိုက်ခြင်းများကို နေ့စဉ်ပြုလုပ်လျက်ရှိသည်။
တအာင်းပြည်၊ တပ်မဟာ (၃) နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ နောင်လင်၊ ကျောက်တော်၊ အုမ္မခါး၊ လုံစံနှင့် လုံရဲကျေးရွာကြား၊ အုမ္မသီးနှင့် ဆမ္မဆယ်ကျေးရွာကြားတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၆)လုံး၊ လက် နက်ကြီး (၁၁၂)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၂၀)လုံး လာရောက်ပစ်ကူတိုက်ခိုက်ခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ နောင်လင်၊ လုံစံ၊ အုမ္မခါး၊ နောင်ဖာကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၄၇)လုံးနှင့် လက်နက်ကြီး (၁၇၂)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၃၁)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။
လူကြည့်အများဆုံး သတင်းများ