တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ နောင်လင်၊ လုံစံ၊ အုမ္မခါး၊ နောင်ဖာကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၄၇)လုံးနှင့် လက်နက်ကြီး (၁၇၂)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၃၁)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။
ယခုဖတ်ရန်
လူထုတွေဆုံပွဲတွင် ဗိုလ်ချုပ်တားဘုန်းကျော်က ညီနောင်မဟာမိတ်(၃)ဖွဲ့ ဆင်နွဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအကြောင်းအရာများ ရှင်းလင်းပြောကြားခြင်း၊ PSLF/TNLA၏ ပေါ်လစီ မူဝါဒလမ်းစဥ်များ ရှင်းလင်းပြောကြားခြင်း၊ နမ္မတူမြို့နယ်အတွင်း ရှေ့ဆက် ဆောင်ရွက်သွားမည့် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းစဥ်များ၊ ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစဥ်များ၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေများနှင့် ဒေသခံလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ PSLF/TNLA သိမ်းပိုက်ထားသည့် မိုင်းငေါ့မြို့၊ မိုင်းလုံမြို့၊ မန်တုံမြို့များသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဒုတိယဥက္ကဌ (၁) ဗိုလ်ချုပ်တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်နှင့် NUG ဖက်ဒရယ်ရေးရာ ဒုတိယဝန်ကြီး မိုင်းဝင်းထူးတို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
လူကြည့်အများဆုံး သတင်းများ