တအာင်းပြည်ပညာရေးကောင်စီ (TLEC) မှ အရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများ မွေးထုတ်နိုင်ရေး ဆရာ့အတတ်ပညာ အခြေခံသင်တန်းဆင်းပွဲ ကျင်းပ
ယခုဖတ်ရန်ယနေ့ ဇူလိုင် ၆ရက်နေ့တွင် နောင်ချိုမြို့နယ် တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် (၆၀၆)စခန်း အနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁၀) ကြိမ်၊ Y12 ဖြင့် ဗုံး (၅၀)လုံး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ လားရှိုးမြို့နယ် အီနိုင်းရွာနှင့် (၁၀)မိုင်ကုန်း ကြားတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၂)ကြိမ် ပြုလုပ်ခဲ့သည်။ ထို့ပြင် မိုးမိတ်မြို့ ရွှေဇာလီ စာသင်ကျောင်းသို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် လေကြောင်းတိုက်ခိုက်မှု (၄)ကြိမ် တိုက်ခိုက်ခဲ့သည်။
မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့သည် တပ်မ (၉၉)၊ လပခ လက်အောက်ခံ ခလရ (၈၈)၊ ခလရ (၇၈)၊ ခလရ (၁၄၈)နှင့် မိုးကုတ်ဗျုဟာတို့ အခြေချသည့် တပ်များဖြစ်သည်။ တိုက်ပွဲကာလအတွင်းလည်း ၄င်းတပ်ရင်း၊ တပ်ဖွဲ့များသည် KBZ Bank နှင့် CB Bank ရှိ ငွေသားနှင့် ကျောက်မြတ်ရတနာများ တန်ဖိုးငွေ ကျပ်သိန်းပေါင်း နှစ်သောင်း ဝန်းကျင် ဖောက်ထွင်းယူဆောင်သွားခဲ့သည်။
လူကြည့်အများဆုံး သတင်းများ