တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့ စျေးရပ်ကွက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၆)ဦး ထိမှန်ဒဏ်ရာရခဲ့ပါသည်။
ယခုဖတ်ရန်တအာင်းပြည် တပ်မဟာ (၃) နယ်မြေ မိုးမိတ်မြို့ ယနေ့ နံနက် (၈း၂၅)နာရီအချိန် ဒိုးပင်ရွာအနီးတဝိုက်တွင် စစ်အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ် မိုးမိတ်ဗျူဟာကုန်းတွင်လည်း ယနေ့ နေလယ် (၁း၁၅)နာရီချိန်တွင် တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့သည်။
နောင်ချိုတပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း ဇွန်လ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ သီတင်းပတ် (၂)ပတ်ကြာ ဇူလိုင် ၁၀ ရက်နေ့ (၁၅း၀၀)နာရီ အချိန်တွင် စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခမရ-၁၁၄ စခန်း၊ ခမရ-၁၁၅၊ ဒုံးတရ - ၆၀၆ နှင့် အုမ္မတီး၊ အုမ္မခါးစခန်း၊ ကျောက်ကြမ်းစခန်း၊ ရွှေညောင်ပင်စခန်း၊ ကံ့ကော်၊ ခဲမွန်၊ စက်ရုံ၊ တိုးဂိတ်၊ ဆေးရုံ၊ ဘူတာရုံနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ပါသည်။
လူကြည့်အများဆုံး သတင်းများ