645

နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံ (၆)ဦး ထိမှန်ဒဏ်ရာရ

သတင်း / နိုင်ငံရေး
23 November 2024

နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံ (၆)ဦး ထိမှန်ဒဏ်ရာရ

နောင်ချို၊ နိုဝင်ဘာလ (၂၃) ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့ စျေးရပ်ကွက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၆)ဦး ထိမှန်ဒဏ်ရာရခဲ့ပါသည်။


ဖြစ်စဥ်တွင် ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက် ညသန်းခေါင် (၁၁း၅၅)အချိန်တွင် စစ်ကောင်စီတပ်က   ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။




ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ (၆)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၂)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။ စစ်ကောင်စီ၏ ဗုံးစထိမှန်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင် ဆေးဝါးကုသပေးနေသည်။


ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ (၇း၃၀)အချိန်တွင်လည်း ဆင်းရွှေလီသကြားစက်ရုံကို  စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့်  ဒေသခံ (၁)ဦး ထိမှန်သေဆုံးခဲ့သည်။


ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးအပ်ပါသည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံ (၆)ဦး ထိမှန်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်