886

မဟာမိတ် KIA နှင့် မြေပြင်ပဋိပက္ခများ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA စစ်ဦးစီးချုပ် တိုက်တွန်း

သတင်း / နိုင်ငံရေး
01 March 2025

မဟာမိတ် KIA နှင့် မြေပြင်ပဋိပက္ခများ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA စစ်ဦးစီးချုပ် တိုက်တွန်း

မန်တုံ၊ မတ်လ ၁ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၃)နယ်မြေ၊ မန်တုံမြို့နယ်အတွင်း မိမိတို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA နှင့် မဟာမိတ် KIA တို့အကြား ယခုရက်ပိုင်း၌ မြေပြင်တပ်ဖွဲ့ဝင်များ အပြန်အလှန် အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိသည်။

မိမိတို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA နှင့် မဟာမိတ် KIA တို့အကြား
မြေပြင် ပွတ်တိုက်မှုများ၊ ပဋိပက္ခတင်းမာမှုများ ဆက်လက်မကြီးထွားစေရန်အတွက် PSLF/TNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်မှ မန်တုံမြို့သို့ ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၌ သွားရောက်ကာ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

လူထုတွေ့ဆုံပွဲတွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်မှ မဟာမိတ် KIA နှင့် မိမိတို့ TNLA အကြား ဆက်ဆံရေးတင်းမာမှုအခြေအနေများ မကြီးထွားလာစေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းသည်။ 

ဒါ့အပြင် မိမိတို့ မဟာမိတ်နှစ်ဖွဲ့အကြား အပြန်အလှန်အသိအမှတ်ပြုရန်နှင့် မဟာမိတ်တည်တံ့ခိုင်မြဲစေရန် နှစ်ဖက်တပ်က ပူးပေါင်းဆောင်ရွက်သွားရမည့်အချိန်ဖြစ်ပြီး မဟာမိတ်ကတိကဝတ်ကို ရှေးရှု၍ မဟာမိတ်ကြား မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားလာစေရန် မဟာမိတ်နှစ်ဖက်လုံးမှ သတိထားဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဆက်ဆံရေးတင်းမာမှုများအား ညှိနှိုင်းဖြေရှင်းရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

#PSLF/TNLA
#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: မဟာမိတ် KIA နှင့် မြေပြင်ပဋိပက္ခများ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA စစ်ဦးစီးချုပ် တိုက်တွန်း
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်