1304

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်

သတင်း / နိုင်ငံရေး
03 August 2025

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်  ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်


သီပေါ၊ သြဂုတ်လ ၃ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၃)လုံး 

ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။


စစ်ကောင်စီတပ်သည် ယနေ့ နေ့လယ် (၂း၂၂)နာရီချိန်တွင်  ယခင်စစ်ကောင်စီတပ်စခန်းဟောင်း ခလရ (၂၃)စခန်းတွင် ပေါင် (၂၅၀)ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။




အလားတူ ပြီးခဲ့သည် ဇူလိုင်တွင်လည်း  စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် သီပေါမြို့တွင် လေကြောင်းဖြင့် (၄)ကြိမ်တိတိ ပြည်သူလူထုများတည်ရှိရာကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးများလာရောက်ကြဲချတိုက်ခိုက်မှုကြောင့်  ပြည်သူလူထု (၂)ဦးသေဆုံးခဲ့ပြီး (၅)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၃)လုံး၊ အဆောက်အဦး (၆)လုံးနှင့် အ.မ.က (၁)ကျောင်းရှိ ကျောင်းဆောင်များ ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။




ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်