ဒိုးပင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပစ်ခတ်တိုက် ခိုက်မှုကြောင့် ပြည်သူလူထု (၁)ဦးသေဆုံး၊ (၂)ဦးထိခိုက်ဒဏ်ရာရ
နောင်ချို၊ သြဂုတ်လ ၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံးနှင့် အတွဲလိုက်ဒုံး (၁၅)လုံး ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူလုထု (၁)ဦးသေဆုံးခဲ့ပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၃၁)ရက်နေ့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်
ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် (၃၂)နှစ်အရွယ် အမျိုးသမီး (၁)ဦးသေဆုံးခဲ့ပြီး အသက်(၄၂)နှစ်အရွယ် ဦးခမ်းပန်းနှင့် အသက် (၆၈)နှစ်အရွယ် ဒေါ်တင်တင်ဦးတို့အား ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထိုနောက်တွင် နေအိမ် (၈)အိမ်နှင့် အိမ်စီးကား (၁)စီး ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။
နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာတွင်လည်း ပြီးခဲ့သည့် ဇူလိုင်(၃၀)ရက်နေ့တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံး၊ လက် နက်ကြီး (၁၀)လုံးနှင့် ဒရုန်း (၂)စီးဖြင့် ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး (၁)ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၂)လုံးလည်း ထိမှန်ပျက်စီးခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင် ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ