တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ကျင်းပမည့် (၇၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် (၁၀) မိုင်ကျော် မာရသွန်အပြေးပြိုင်ပွဲနှင့် အသိပညာပေးအစီအစဉ်ကို ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကွန်ရက်က ဦးဆောင်ကျင်းပမည်ဖြစ်သည်။ လူ့အခွင့်အရေးအသိပညာ တိုးပွားစေရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှု ခိုင်မာစေရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အသက် (၁၆) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဒီဇင်ဘာလ (၄) ရက်နေ့ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းနိုင်သည်။
ယခုဖတ်ရန်တအာင်းပြည်၊ နောင်ချိုမြို့နယ်၊ အုမ္မတီး၊ အုမ္မခါးစသည့် ကျေးရွာများသည် လက်ရှိ စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေသည့် ကျေးရွာများဖြစ်သည်။ ထိုပြင် စစ်ကောင်စီဘက်မှ နေ့စဉ်ဆက်တိုက် တောင်ခမ်းအနီးရှိ ကျေးရွာများနှင့် အုမ္မတီး၊ အုမ္မခါးစသည့် ကျေးရွာနေအိမ်များ၊ ဘာသာရေးအဆောက် အအုံများတို့ မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ အရပ်သားပြည်သူများအား ရည်ရွယ် ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
လူကြည့်အများဆုံး သတင်းများ