မိုင်းဝီးတွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ ဦးဆောင်ပြီး ပြည်သူလူထုများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
မိုင်းဝီး၊ မေလ ၂၂ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ နမ့်ခမ်းခရိုင်၊ မိုင်းဝီးမြို့ရှိ ပြည်သူလူထုများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဦးဆောင်ပြီး တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
ထိုတွေ့ဆုံပွဲကို ပြီးခဲ့သည့် မေလ (၁၉)ရက်တွင် ပြုလုပ်ခဲ့ပြီး ရပ်ကွက်အတွင်းရှိ ပျက်ဆီးနေသည့်လမ်းများကို ပြန်လည်ပြုပြင်ရန်၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုများမှ ပူးပေါင်းပေးရန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရန်၊ ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်းများစသည့်တို့ကို အပြန်အလှန်ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲများနှင့် ပြည်သူလူ ထုများအပါအဝင် စုစုပေါင်း လူဦးရေ (၂၈ဝ)ဦးကျော် တက်ရောက်ခဲ့ကြပါသည်။
ပြီးခဲ့သည့် မေလ(၆)ရက်တွင်လည်း PSLF/TNLA ကွတ်ခိုင်ခရိုင် ရဲတပ်ဖွဲမှ ကွတ်ခိုင်မြို့နယ်က ကျေးရွာ (၉)ရွာရှိ ပြည်သူလူထု (၁၇ဝ)ဦးကို တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ