1129

PSLF/TNLA မော်‌တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးဌာနမှ မော်တော်ယာဥ်မှတ်ပုံတင်လိုင်စင်များ ပြုလုပ်ပေးမည်

ဒေသတွင်းသတင်း / ဒေသတွင်း
22 May 2025

PSLF/TNLA မော်‌တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးဌာနမှ မော်တော်ယာဥ်မှတ်ပုံတင်လိုင်စင်များ ပြုလုပ်ပေးမည် 


နမ့်ဆန်၊ မေလ ၂၂ရက်

တအာင်းပြည်သတင်း


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မော်‌တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးဌာနမှ မော်တော်ယာဥ်များအား မှတ်ပုံတင်လိုင်စင်များကို လာမည့် မေလ (၂၅)ရက်တွင် စတင်ပြုလုပ်သွားမည်ဖြစ်သည်။


အဆိုပါဌာနမှ အိမ်စီးကား၊ လုပ်ငန်းသုံးကား၊ ခရီးသည်တင်ကားနှင့် ကုန်တင်များကို  ပထမဆုံးအနေဖြင့်ယာဥ်မှတ်ပုံတင်လိုင်စင် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး မှတ်ပုံတင်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများနှင့် လုပ်ငန်းစဥ်အဆင့်ဆင့်များအား သတ်မှတ်သည့်အတိုင်းဆောင်ရွက်မည်ဖြစ်သည်။




မော်တော်ယာဥ် မှတ်ပုံတင်ရန်တွင်လည်း ကားအမျိုးအစားအလိုက်ပေးသွင်းရမည့် အခွန်ငွေနှင့် ဝန်ဆောင်ခများသည် (၂)သိန်းကျပ်မှ (၅)သိန်းကျပ်အထိပေးဆောင်ရမည်။ အဆိုပါမော်တော်ယာဥ် မှတ်ပုံတင်လိုင်စင်များကို စီမံချက်ကာလအနေဖြင့် ၂ဝ၂၅ခုနှစ်၊မေလ (၂၅)ရက်မှ ဒီဇင်ဘာလ (၃၁)ရက်အထိ (၆)လသာ ပြုလုပ်မည်ဖြစ်သည်။ ၎င်းစီမံချက်ကာလကျော်လွန်သွားပါက ယာဥ်မှတ်ပုံတင်လိုင်စင် မတင်သေးသည့်ယာဥ်များအား ဥပဒေအတိုင်းအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။


မော်‌တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးဌာနသည် လက်ရှိအချိန်တွင် PSLF/TNLAအုပ်ချုပ်သော မြို့နယ် (၂)ခုဖြစ်သည့် နမ့်ခမ်းနှင့် နမ့်ဆန်မြို့နယ်ကိုသာ မှတ်ပုံတင်လိုင်စင်ပြုလုပ်ပေးသွားဖြစ်ပြီး ၎င်းမြို့နယ်ပြီးသွားပါက အခြားသောမြို့နယ်များကို ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။


တအာင်းပြည်ရှိယာဉ်များအား မှတ်ပုံတင်လိုင်စင်ပြုလုပ်ရခြင်းသည်  မော်‌တော်ယာဉ်များနှင့် စပ်လျဉ်းသည့် ပိုင်ဆိုင်မှု၊ ရောင်းဝယ်မှု၊ ယာဉ်တိုက်မှု၊ယာဉ်ပျောက်ဆုံးမှုအစရှိသည့် ပြဿနာများလျော့ကျပြီး၊ မော်တော်ယာဥ်များစနစ်ကျအသုံးပြုနိုင်ရန်အတွက်  မော်တော်ယာဉ်ပိုင်ဆိုင်အသုံးပြုသူများအားလုံးမော်တော်ယာဥ် မှတ်ပုံတင်ပြီး၊ မော်တော်ယာဥ်လိုင်စင်နှင့် ယာဥ်မောင်းလိုင်စင်များပြုလုပ်ပေးရန်ဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: PSLF/TNLA မော်‌တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးဌာနမှ မော်တော်ယာဥ်မှတ်ပုံတင်လိုင်စင်များ ပြုလုပ်ပေးမည်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်