အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ ဟိုခိုကျေးရွာကို ဂျက်ဖိုက်တာဖြင့်ပေါင်(၂၅ဝ)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်
နောင်ချို၊ မေလ ၂၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅ဝ) ဗုံး (၁)လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ ညနေ (၄းဝ၅)နာရီအချိန်တွင် PSLF/TNLA အုပ်ချုပ်သော ဟိုခိုကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲချခဲ့သည်။ ထိုဗုံးကြောင့် ဒေသခံပြည်သူလူ၏ နေအိမ် (၁)လုံးထိမှန်ပျက်စီးဆုံးရှုံးသွားခဲ့သည်။
အလားတူ ပြီးခဲ့သည့် မေလ (၁၈)ရက်လည်း နောင်ချိုမြို့နယ်၊ဒိုးပင်အုပ်စု၊ ရတနာသင်္ဂီကျေးရွာအနီးတွင် ပေါင်(၂၅ဝ)ဗုံး (၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်သည် မေလ (၆)ရက်မှ (၃၁)ရက်ထိ အပစ်ခတ်ရပ်စဲရေးကာလ ထပ်မံတိုးထားသော်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သောမြို့နယ်များကိုမြေပြင်ထိုးစစ်ဆင်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်လျှက်ရှိသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှရှောင်ရှားနိုင်ရန်စစ်ရေးသတိအမြဲရှိရန်လိုအပ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ