1117

ပြိန်းအင်ကျေးရွာတွင် တအာင်းစာအဖွဲ့- TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
21 May 2025

ပြိန်းအင်ကျေးရွာတွင် တအာင်းစာအဖွဲ့- TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့


မိုင်းလုံ၊ မေလ ၂၁ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုင်းလုံမြို့နယ်၊ ပြိန်းအင်ကျေးရွာတွင် တအာင်းစာအဖွဲ့-TLAမှ အခြေခံတအာင်းရုံံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။


အဆိုပါသင်တန်းဆင်းပွဲကို ပြီးခဲ့သည့် မေလ (၁၉)ရက် နံနက်(၉းဝဝ)နာရီအချိန်တွင် တအာင်းစာအဖွဲ့-TLAမှ ဦးစီးပြီး ကျင်းပပြုလုပ်ခဲ့ပါသည်။


ထိုသင်တန်းကို သင်တန်းသား (၂၆)ဦးနှင့် သင်တန်းသူ(၁၆)ဦး စုစုပေါင်း (၄၂)ဦးတို့ တက်ရောက်သင်ကြားခဲ့ပြီး ၎င်းတို့ကိုတအာင်းစာအဖွဲ့-TLAမှ သင်တန်းတက်ရောက်အောင်မြင်ပြီးမြောက်ကြောင်း သင်တန်းဆင်းလက်မှတ် (Certificates)များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ၎င်းသင်တန်းဆင်းပွဲကိုသင်တန်းသား/သူများ၊ ဆရာ/မများနှင့် မိဘပြည်သူလူထုများအပါအဝင် စုစုပေါင်းလူဦးရေ (၈ဝ)ဦးတက်ရောက်ခဲ့ပါသည်။


တအာင်းစာအဖွဲ့-TLAသည် ပြီးခဲ့သည့် ဧပြီလအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မန်တုံ၊ နမ့်ခမ်း၊ မိုးကုတ်၊ မိုးမိတ်မြို့နယ်တို့မှ သင်တန်သား/သူစုစုပေါင်းလူဦးရေ (၅၆၅)ဦးတို့ကို အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့သည်။


အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်သည် တအာင်းစာသည် တအာင်းပြည်ကို လွမ်းခြုံနိုင်ရေး၊ တအာင်းလူမျိုးအားလုံးတအာင်းစာများများဖတ်နိုင်ရန်အတွက် စာအုပ်များ ထုတ်လုပ်နိုင်ရေး၊ တအာင်းပြည်အတွင်း တအာင်းစာသင်တန်းကို ဖွင့်လှစ်နိုင်ရေးနှင့် တအာင်းလူမျိုးအားလုံး တအာင်းစာများကိုပြောတက်၊ ရေးတက်၊ ဆိုတက်၊ သုံးတက်နိုင်ရန်တို့ဖြစ်ပါသည်။ 


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ပြိန်းအင်ကျေးရွာတွင် တအာင်းစာအဖွဲ့- TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်