တအာင်းပြည်တွင် လူငယ်ခေါင်းဆောင်များ မွေးထုတ်နိုင်ရေးအတွက် လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၄) ဝင်ခွင့်လျှောက်လွှာခေါ်ယူ

တအာင်းပြည်အတွင်း လူငယ်များ၏ နိုင်ငံရေးအတွေးအခေါ်၊ ဦးဆောင်မှုစွမ်းရည်နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်နိုင်မည့် လူငယ်ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ရေးအတွက် လက်ဖက်မြေပညာရေးဖောင်ဒေးရှင်း (Tea Land Education Foundation - TLEF) က ဖွင့်လှစ်သည့် လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း (Tea Land School of Political Science - TLSPS) အပတ်စဉ် (၄) အတွက် ကျောင်းသား/သူများ၏ ဝင်ခွင့်လျှောက်လွှာများကို လက်ခံခေါ်ယူနေပါသည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်တွင် ဖွင့်လှစ်မည့် “Tealand Medical School” ၏ ဆေးပညာဘွဲ Bachelor of Medicine, Bachelor of Surgery (M.B.B.S) အပတ်စဉ် (၁) အတွက် လျှောက်ထားသူများအနက် စာမေးပွဲဖြေဆိုခွင့်ရရှိသူများအား လျှောက်လွှာတင်စဉ်တွင် ဖြည့်သွင်းထားသည့် Email များမှတဆင့် TMS Student Code No ဖြင့် အကြောင်းကြားစာများ ပေးပိုထားပြီးဖြစ်သည်။

ဒေသတွင်းသတင်း

ဒီလိုအခြေအနေ အဓိကရောက်လာတဲ့အကြောင်းအရင်းကတော့ ကျနော်တို့ ညီနောင်မဟာမိတ် နှစ်ဖက်အဖွဲ့အစည်းနိုင်ငံရေးရည်မှန်းချက်တွေက အရမ်းကြီးမာလွန်တယ်။ အဲကြီးမာတဲ့ဟာ နှစ်ဖက်ထိပ်တိုက်တိုးပြီးတော့မှ ညှိနှိုင်းအဖြေရှာဖို့ အားနည်းကျတဲ့အခါမှာ အင်းအားသုံးဖြေရှင်းတဲ့ အမူအကျင့်တွေ အလေ့အထတွေကြောင့် ဒီလက်နက်ကိုင်ဖြေရှင်တဲ့အဆင့်ကို MNDAAက ရွေးချယ်လိုက်လို့ ကျနော်တို့ ဒီကနေ့ လက်နက်ကိုင်ဖြေရှင်းရတဲ့အခြေအနေဆိုးကို ရောက်လာရတာဖြစ်ပါတယ်။

ဒေသတွင်းသတင်း

မတ်လ (၁၄)ရက်နေ့ ကွတ်ခိုင်ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြိုတွင် မော်တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးအဖွဲမှ မြိုအတွင်း သွားလာဖြတ်သန်းနေသည့် မော်တော်ယာဥ်များအား ယာဥ်လိုင်စင် ပြုလုပ်ထားခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဖတ်ကာမြို့နယ်တွင် အမျိုးသားတစ်ဦးသည် မပေါက်ကွဲရသေးသည့် လက်နက်ကြီးတစ်လုံးအား ကောက်ယူကိုင်တွယ်မိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဖတ်ကာမြို့တွင် နေအိမ် (၁)အိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး (၂)ဦး မီးလောင်သေဆုံးသွားခဲ့ပါသည်။

လူကြည့်အများဆုံး သတင်းများ

04 July 2026