(၇၈) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မာရသွန်းအပြေးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ကြောင်း အသိပေးအပ်

တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ကျင်းပမည့် (၇၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် (၁၀) မိုင်ကျော် မာရသွန်အပြေးပြိုင်ပွဲနှင့် အသိပညာပေးအစီအစဉ်ကို ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကွန်ရက်က ဦးဆောင်ကျင်းပမည်ဖြစ်သည်။ လူ့အခွင့်အရေးအသိပညာ တိုးပွားစေရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှု ခိုင်မာစေရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အသက် (၁၆) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဒီဇင်ဘာလ (၄) ရက်နေ့ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းနိုင်သည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

နမ့်ခမ်းမြို့တွင် ဆေးဝါးရောင်းချမှုများ စနစ်တကျရှိစေရန်နှင့် ပြည်သူများ ဘေးကင်းစိတ်ချရသော ဆေးဝါးများ ဝယ်ယူသုံးစွဲနိုင်စေရန် ရည်ရွယ်၍ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီမှ စက်တင်ဘာလ (၁၅) ရက်နေ့တွင် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး စပ်ဆေးနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေးအတွက် လိုအပ်သည့် စီမံဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည် ပညာရေးကောင်စီ-TLEC သည် သင်ကြားရေးအရည်အသွေး ပိုမိုမြင့်မားလာစေရန်၊ လက်တွေ့မြေပြင် လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် ရည်ရွယ်၍ Teacher Manual နှင့် Education Policy (ပညာရေးဆိုင်ရာမူဝါဒ) ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ (၁၀) ရက်နေ့နှင့် (၁၁) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ခမ်းနှင့် မူဆယ်မြို့ကြားရှိ စစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ စစ်ဆေးမှု ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

လူကြည့်အများဆုံး သတင်းများ

29 November 2026