(၇၈) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မာရသွန်းအပြေးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ကြောင်း အသိပေးအပ်

တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ကျင်းပမည့် (၇၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် (၁၀) မိုင်ကျော် မာရသွန်အပြေးပြိုင်ပွဲနှင့် အသိပညာပေးအစီအစဉ်ကို ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကွန်ရက်က ဦးဆောင်ကျင်းပမည်ဖြစ်သည်။ လူ့အခွင့်အရေးအသိပညာ တိုးပွားစေရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှု ခိုင်မာစေရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အသက် (၁၆) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဒီဇင်ဘာလ (၄) ရက်နေ့ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းနိုင်သည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည်၊ မိုင်းဝီးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသူ အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က အောက်တိုဘာလ ၃ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ဆန်မြို့အဝင် ပန်စပိန်လမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး နောက်ပြန်လိမ့်ကျကာ ချောက်အတွင်း တိမ်းမှောက်ခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည် ပြည်သူ့ဆက်ဆံရေးစင်တာ (PRC) သည် ပြည်သူများ၏ အခက်အခဲများ၊ အကူအညီလိုအပ်ချက်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာမှုများကို လက်ခံမှတ်တမ်းတင်ကာ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဖြေရှင်းပေးရန် ဆောင်ရွက်နေပြီး PRC ၏ ဆက်သွယ်ရန်လမ်းကြောင်းများမှတစ်ဆင့် ပြည်သူများအနေဖြင့် လွတ်လပ်စွာ ဆက်သွယ်တင်ပြနိုင်ကြောင်း အသိပေးထားသည်။

လူကြည့်အများဆုံး သတင်းများ

29 November 2026