တအာင်းပြည်၊ မန်တုံမြို့နယ်နှင့် နမ့်ဆန်မြို့နယ်တို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုမျှတရေးနှင့် စိမ်းလန်းစိုပြေသော လူနေမှုပတ်ဝန်းကျင် ဖော်ဆောင်နိုင်ရေးအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ ဌာနဆိုင်ရာများနှင့် ဒေသခံမိဘပြည်သူများ ပူးပေါင်း၍ သစ်ပင်နှင့် ပန်းပင်ပေါင်း (၁၅,၀၀၀) ကျော်ကို စိုက်ပျိုးပြီးစီးခဲ့သည်။
ယခုဖတ်ရန်တအာင်းပြည်တွင် အောက်တိုဘာအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော် (၂)ပါး၊ ကလေး (၁၀)ဦး၊ အမျိုးသား (၁၆)ဦးနှင့် အမျိုးသမီး (၂၁)ဦးသေဆုံးသွားခဲ့ပြီး သံဃာတော် (၆)ပါး၊ ကလေး (၂၆)ဦး၊ အမျိုးသား (၂၀)ဦး၊ အမျိုးသမီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၇၅)အိမ်၊ စာသင်ကျောင်း (၅)ကျောင်း၊ ဘုန်းကြီးကျောင်း (၇)ကျောင်း၊ ကျောင်းဆောင် (၉)ဆောင်၊ အဆောက်အဦး (၆)ခု၊ မွေးမြူးရေးခြံ (၂)ခြံ၊ ဆိုင်ခန်း (၅)ခန်း၊ လက်ဖက်စက်ရုံ (၁)ရုံ၊ ဆိုင်ကယ် (၄)စီးနှင့် ကား (၁၀)စီးတို့ ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။
လူကြည့်အများဆုံး သတင်းများ