နမ့်ဆန်မြို့နယ် ကျောက်ဖြူကြီးကျေးရွာအုပ်စုရှိ ကျောက်ဖြူ၊ ကျောက်ခေါင်း၊ မြိုင်နှင့် တောင်သုံးဆယ်ကျေးရွာများမှ ဒေသခံပြည်သူများက ပြင်ပရောက် တအာင်းလူငယ်များနှင့် စေတနာရှင်များ၏ ပံ့ပိုးလှူဒါန်းမှုဖြင့် နမ့်ဆန်မြို့–တောင်သုံးဆယ် ဆက်သွယ်လမ်းရှိ ပျက်စီးနေသော လမ်းပိုင်းများကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန်လည်ပြုပြင်ပြီးစီးခဲ့သည်။
ယခုဖတ်ရန်၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်ထိ စစ်ကောင်စီထိန်းချုပ်သည့် နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊နမ္မတူ မြိုများတွင် မူးယစ်ဆေးဝါးသုံးစွဲသူများပြားပြီး ယခု PSLF/TNLA အုပ်ချုပ်သည့်မြိုနယ်များတွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးနောက် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများကို ထိရောက်စွာအရေးယူနိုင်ခဲ့သည်။
ဤလမ်းတွင် နမ္မတူ - မိုင်းဘော် - မိုင်းဝီး - နမ့်ခမ်းအထိ ဆက်သွယ်ထားပြီး ဒေသတွင်း ကျေးရွာပြည်သူလူထုများအတွက် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည်။ ထို့အပြင် ၁၀၂၇ စစ်ဆင်ရေးပြီးနောက် စစ်ကောင်စီ၏ တင်းကြပ်စွာ စစ်ဆေးနှောက်ယှက်မှုကြောင့် ပြည်ထောင်စုလမ်းမကြီးအား အသုံးမပြုတော့ဘဲ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းသို့ သွားလိုသည့် ခရီးသည်များနှင့် ကုန်တင်ယာဉ်များ ဤလမ်းတွင် အသုံးပြုလာသည်။
တအာင်းပြည်၊ တပ်မဟာ(၁) စစ်ဒေသ နမ့်ခမ်းမြို့ရှိ ပုဂ္ဂလိက ဆေးရုံဆေးခန်းများ ဆေးဆိုင်များတွင် သက်တမ်းကုန်ဆေးဝါးများ ရောင်းဝယ်သုံးစွဲခြင်း ခွင့်ပြုချက်မရှိသည့် ဆေးဝါးများ ရောင်းဝယ်မှုရှိမရှိ PSLF/TNLA အုပ်ချုပ်ရေးဌာန လက်အောက်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ဆေးဝါးကျွမ်းကျင် CDM ဝန်ထမ်းတို့ပူးပေါင်းပြီး စစ်ဆေးမှုပြုလုပ်လျှက်ရှိပါသည်။
လူကြည့်အများဆုံး သတင်းများ